Connect with us

CHINA

ဟောင်ကောင်တွင် ပြည်မကြီးမှ အကူအညီဖြင့်တည်ဆောက်ထားသော ကိုဗစ်-၁၉ သီးသန့်အဆောက်အအုံ တည်ဆောက်မှု ပထမအဆင့် ပြီးစီး

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Penny's Bay ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) တည်ဆောက်မှု ပထမအဆင့်ပြီးစီးခြင်း လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်လာသော HKSAR အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း (ရှေ့တန်း ဝဲမှ စတုတ္ထမြောက်) အား ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ပြည်မကြီးမှပံ့ပိုးမှုဖြင့် Penny’s Bay ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) တည်ဆောက်မှု ပထမအဆင့်မှာ ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ယူနစ်များကို ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရထံ ဧပြီ ၁၉ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။Penny’s Bay CIF သည် ပြည်မကြီး၏ ပံ့ပိုးမှုဖြင့် တည်ဆောက်သော သီးသန့်အဆောက်အအုံများအကြား အကြီးဆုံးဖြစ်သည်။ ပထမဆုံးအသုတ်ကို အချိန်နှစ်လအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယူနစ် ၁,၀၀၀ ကျော်နှင့် ကုတင် ၂,၀၀၀ ကျော်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Penny’s Bay ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) အား ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြည်မကြီးမှ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော CIF များက ဟောင်ကောင်၏ ကပ်ရောဂါတိုက်ဖျက်ရေးစွမ်းဆောင်မှုများအား ကြီးမားစွာမြှင့်တင်ပေးမည်ဖြစ်ကြောင်း HKSAR အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း (Carrie Lam) က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Penny’s Bay ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) ရှိ ယူနစ်တစ်ခု၏ အတွင်းပိုင်းအား ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗဟိုအစိုးရ၏ ခိုင်မာအားကောင်းသော ပံ့ပိုးကူညီမှအတွက် ကျေးဇူးတင်ကြောင်း ၎င်းက ပြောခဲ့သည်။ ထို့ပြင် ဟောင်ကောင် လူမှုအသိုင်းအဝိုင်း၏ ကဏ္ဍများအားလုံး အခက်အခဲများကို ကျော်လွှားရန် ဆက်လက်၍ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်သည် ကိုဗစ်-၁၉ (COVID-19) ရောဂါမှ ပြန်လည်နိုးထလျက် မကြာမီတွင် ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် ဧပြီ ၁၉ ရက်အထိ nucleic acid စစ်ဆေးမှုဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအသစ် ၃၂၀ ဦးနှင့် ကိုယ်တိုင်စစ်ဆေးမှုမှတစ်ဆင့် ရောဂါပိုးတွေ့ရှိသူ ၂၈၀ ဦးရှိကြောင်း တရားဝင်အချက်အလက်အရ သိရသည်။ (Xinhua)

…………………………………………
(English Version)

1st phase construction of mainland-aided COVID-19 isolation facility completed in Hong Kong
Source: XinhuaEditor: huaxia2022-04-20 00:00:01
HONG KONG, April 19 (Xinhua) — The first phase construction of the Penny’s Bay Community Isolation Facility (CIF), with mainland support, was completed, and the units were handed over to the Hong Kong Special Administrative Region (HKSAR) government on Tuesday.

The Penny’s Bay CIF is the largest among the isolation facilities constructed with mainland support. The first batch was built in two months and has over 1,000 units and more than 2,000 beds.

Chief Executive of the HKSAR Carrie Lam said at the handover ceremony that the CIFs constructed with mainland support will greatly enhance the anti-pandemic capabilities of Hong Kong.

She again expressed gratitude to the central government for its staunch support. She added that as long as all sectors of the Hong Kong community continue to join hands to overcome the difficulties, Hong Kong will emerge from the COVID-19 epidemic and return to normal life soon.

On Tuesday, Hong Kong registered 320 new COVID-19 cases by nucleic acid tests, and 280 additional positive cases through self-reported rapid antigen tests, official data showed. ■
Photo 1 : Chief Executive of the Hong Kong Special Administrative Region (HKSAR) Carrie Lam (4th L, front) attends the handover ceremony after the first phase construction of the Penny’s Bay Community Isolation Facility (CIF) was completed in south China’s Hong Kong, April 19, 2022. The first phase construction of the Penny’s Bay CIF, with mainland support, was completed, and the units were handed over to the Hong Kong Special Administrative Region (HKSAR) government on Tuesday.(Xinhua/Li Gang)
Photo 2 : Aerial photo taken on April 19, 2022 shows the Penny’s Bay Community Isolation Facility (CIF) in south China’s Hong Kong. The first phase construction of the Penny’s Bay CIF, with mainland support, was completed, and the units were handed over to the Hong Kong Special Administrative Region (HKSAR) government on Tuesday.(Xinhua/Li Gang)
Photo 3 : Photo taken on April 19, 2022 shows the interior view of an unit of the Penny’s Bay Community Isolation Facility (CIF) in south China’s Hong Kong. The first phase construction of the Penny’s Bay CIF, with mainland support, was completed, and the units were handed over to the Hong Kong Special Administrative Region (HKSAR) government on Tuesday.(Xinhua/Li Gang)