Connect with us

China

တရုတ်နိုင်ငံ၏ အသစ်လွှတ်တင်ခဲ့သည့် မိုးလေဝသဂြိုဟ်တုများ စမ်းသပ်လည်ပတ်မှုစတင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးကျန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Fengyun-4B (FY-4B) ဂြိုဟ်တုအား တင်ဆောင်ထားသည့် Long March-3B သယ်ဆောင်ရေးဒုံးပျံအား ၂၀၂၁ ခုနှစ် ဇွန် ၃ ရက်တွင် လွှတ်တင်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

မိုးလေဝသဂြိုဟ်တုနှစ်လုံးသည် ၎င်းတို့၏ မြေပြင်အသုံးချစနစ်များနှင့်အတူ ဇွန် ၁ ရက်တွင် စမ်းသပ်လည်ပတ်မှုစတင်ခဲ့ကြောင်း တရုတ်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

Fengyun-3E (FY-3E) နှင့် Fengyun-4B (FY-4B) ဂြိုဟ်တုနှစ်လုံးသည် ကမ္ဘာအနှံ့အသုံးပြုသူများအတွက် စောင့်ကြည့်သည့်အချက်အလက်များ နှင့် အသုံးချဝန်ဆောင်မှုများအား ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုးလေဝသဂြိုဟ်တု FY-3E အား ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်တွင် လွှတ်တင်ခဲ့ပြီး အရပ်ဘက်ဝန်ဆောင်မှုအတွက် early morning ဂြိုဟ်ပတ်လမ်းအတွင်း ကမ္ဘာ့ပထမဆုံး မိုးလေဝသဂြိုဟ်တုဖြစ်သည်။ ယင်းဂြိုဟ်တုသည် အဓိကအားဖြင့် ကမ္ဘာ့လေထု အပူအအေးပမာဏ ၊ လေထုအတွင်းစိုထိုင်းမှု ပမာဏ နှင့် အခြားမိုးလေဝသသတ်မှတ်ချက်ဘောင်များအား ကိန်းဂဏန်းခန့်မှန်းချက် အသုံးချခြင်းများအတွက် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းဂြိုဟ်တုသည် ပိုမိုမှန်ကန်တိကျပြီး မြန်ဆန်သော ကမ္ဘာ့ရာသီဥတုအချက်အလက်များအား ထောက်ပံ့ပေးရန် FY-3C နှင့် FY-3D တို့ဖြင့် ကွန်ရက်တစ်ခုအား ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

မိုးလေဝသဂြိုဟ်တု FY-4B အား ၂၀၂၁ ခုနှစ် ဇွန် ၃ ရက်တွင် လွှတ်တင်ခဲ့ပြီး geostationary ဂြိုဟ်ပတ်လမ်းအတွင်း တရုတ်နိုင်ငံ၏ ပထမဆုံး မိုးလေဝသဂြိုဟ်တုမျိုးဆက်သစ် ဖြစ်သည်။ ယင်းဂြိုဟ်တုသည် တရုတ်နိုင်ငံ နှင့် ရပ်ဝန်း နှင့် ပိုးလမ်းမတစ်လျှောက် နိုင်ငံများအတွက် မိုးလေဝသစောင့်ကြည့်မှတ်သားခြင်း နှင့် ခန့်မှန်းခြင်း ၊ ဘေးအန္တရာယ် တားဆီကာကွယ်ခြင်း နှင့် သက်သာစေခြင်း၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် FY-4A နှင့် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ယခုအထိ စုစုပေါင်း Fengyun ဂြိုဟ်တု ၁၉ လုံးအား လွှတ်တင်ထားခဲ့ပြီး လက်ရှိတွင် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဂြိုဟ်တု၇ လုံးနှင့်အတူ နိုင်ငံနှင့် ဒေသ ၁၂၃ ခုအတွက် အချက်အလက်ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများ ထောက်ပံ့ပေးနေကြောင်း သိရသည်။ (Xinhua)
…………………………………..
(English Version)
China’s newly-launched meteorological satellites put into trial operation
BEIJING, June 1 (Xinhua) — Two meteorological satellites, along with their ground application systems, began trial operation on Monday, said the China Meteorological Administration.
The two satellites, Fengyun-3E (FY-3E) and Fengyun-4B (FY-4B), will provide observation data and application services to global users.
The FY-3E, launched on July 5, 2021, was the world’s first meteorological satellite in early morning orbit for civil service. It will mainly obtain the atmospheric temperature, humidity, and other meteorological parameters for numerical-prediction applications.
The satellite will form a network with the FY-3C and FY-3D to provide more accurate and faster global weather data.
The FY-4B, launched on June 3, 2021, was China’s first new-generation meteorological satellite in geostationary orbit. It will network with the FY-4A to meet the needs of meteorological monitoring and forecasting, disaster prevention, and mitigation for China and the countries along the Belt and Road.
The country has, so far, launched a total of 19 Fengyun satellites, providing data products and services to 123 countries and regions, with seven currently in orbit. ■
Photo – A Long March-3B carrier rocket carrying the Fengyun-4B (FY-4B) satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, June 3, 2021.