Connect with us

China

အမေရိကန်သည် “အကျဉ်း နိုင်ငံ”ဟူသော အမည်နှင့်လက်တွေ့ကိုက်ညီသော နိုင်ငံဖြစ်ကြောင်း ကျောက်လိကျန်းပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇွန် ၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

အမေရိကန်ရှိ အကျဉ်းစခန်းဆိုင်ရာအဖွဲ့အစည်းများတွင် အကျဉ်းသား ၂ သန်းခန့် ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်သည် “အကျဉ်း နိုင်ငံ” ဟူသော အမည်နှင့် လက်တွေ့ကိုက်ညီနေကြောင်း ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် အကျဉ်းထောင်အများအပြားကို ပုဂ္ဂလိကပိုင်အဖြစ် ပြုလုပ်ခြင်း၊ ပုဂ္ဂလိကအကျဉ်းထောင်များမှ အကြီးအကျယ်အမြတ်ထုတ်ခြင်းက အမေရိကန်အသွင် လူ့အခွင့်အရေး၏ ကုသရခက်သည့် ရောဂါဘယ နောက်ထပ်တစ်ခုဖြစ်နေရာ အမေရိကန်အနေဖြင့် မိမိ၏ရောဂါကို ကောင်းမွန်စွာ ကုသသင့်ပြီး အခြားသောနိုင်ငံ၏ “လူ့အခွင့်အရေးဆရာ” လုပ်ရန်အမြဲစိတ်ကူးမနေရန် ၄င်းက ပြောကြားခဲ့သည်။

American public policy think tank Prison Policy Initiative (PPI) ၏ ယခုကာလများအတွင်း ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ အမေရိကန်နိုင်ငံတွင် ဖယ်ဒရယ်အဆင့် အကျဉ်းထောင်ပေါင်း ၁၀၂ ခုရှိပြီး ပြည်နယ် အဆင့် အကျဉ်းထောင်ပေါင်း ၁,၅၆၆ ခု ရှိကြောင်း ၊ ဒေသဆိုင်ရာ အကျဉ်းထောင် ၂,၈၅၀ ခု၊ လူငယ်ထိန်းသိမ်းရေးစခန်း ၁,၅၁၀ ခုရှိကြောင်း ၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းမှုစခန်း ၁၈၆ ခု ရှိပြီး ဒေသခံတိုင်းရင်းသာ(အင်ဒီယန်လူမျိုး) အကျဉ်းထောင် ၈၂ ခုနှင့် စစ်ဘက်ဆိုင်ရာ အကျဉ်းထောင် စသည့် အကျဉ်းစခန်းများအသီးသီးတွင် အကျဉ်းသားပေါင်း ၂ သန်းခန့် ထိန်းသိမ်းထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ လူဦးရေသည် ကမ္ဘာ့စုစုပေါင်းလူဦးရေ၏ ၅ ရာခိုင်နှုန်းခန့်သာရှိသော်လည်း ၎င်း၏အကျဉ်းသားအရေအတွက်မှာ ၂ သန်းခန့်ရှိပြီး ကမ္ဘာ့ဖမ်းဆီးထိန်းသိမ်းခံရသူ၏ လေးပုံတစ်ပုံဖြစ်နေသလို ကမ္ဘာပေါ်တွင် အကျဉ်းချမှုနှုန်း အမြင့်ဆုံးနှင့် အကျဉ်းသားလူဦးရေအများဆုံးနိုင်ငံဖြစ်ကြောင်း ကျောက်လိကျန်းက ဇွန် ၁ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာမေးခွန်း ဖြေကြားရာတွင် ပြောကြားခဲ့သည်။

“အမေရိကန် သမိုင်းပညာရှင် Robin Kelley ရဲ့ စကားနှင့် ပြောရမယ်ဆိုရင် အမေရိကန်က စစ်မှန်တဲ့ ‘အကျဉ်းနိုင်ငံ’ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ အမေရိကန်တွင် လူပေါင်း ၁၀၀,၀၀၀ ကျော်သည် ပုဂ္ဂလိက အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။ အမေရိကန်သည် အကျဉ်းထောင်အများအပြားကို ပုဂ္ဂလိကပိုင်အဖြစ် ပြုလုပ်ခြင်း၊ ပုဂ္ဂလိကအကျဉ်းထောင်များမှ အကြီးအကျယ်အမြတ်ထုတ်ခြင်းက အမေရိကန်အသွင် လူ့အခွင့်အရေး၏ ကုသရခက်သည့် ရောဂါဘယ နောက်ထပ်တစ်ခုဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

“အမေရိကန် ပုဂ္ဂလိကအကျဉ်းထောင်တွေက အာဏာနဲ့ အကျိုးအမြတ် ချိတ်ဆက်မှုကနေ ဖြစ်ပေါ်လာတယ်” ဟု ကျောက်လိကျန်းက ဆိုသည်။ ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက အမေရိကန်အစိုးရသည် “ထိန်းသိမ်းမှု ကုန်ကျစရိတ်နဲ့ ဖိအားလျှော့ချရန်” အကြောင်းပြ၍ ပုဂ္ဂလိက အကျဉ်းထောင်ကို အမျိုးသား အကျဉ်းသား ထိန်းသိမ်းရေးစနစ်အဖြစ် ထည့်သွင်းသတ်မှတ်ခဲ့ရာ အစိုးရမှ ထမ်းဆောင်ရမည့် တာဝန်ကို အကျိုးအမြတ်ရယူသည့် အဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးခဲ့သည်။

အကြီးအကျယ် အမြတ်ထုတ်မှု၏ တွန်းအားကြောင့် ပုဂ္ဂလိက အကျဉ်းထောင်သည် အဆမတန် များပြားလာခဲ့ကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ် နှစ် ၂၀ ကာလအတွင်း ၁၆ ဆ အထိတိုးလာခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၀ ကျော်က ပုဂ္ဂလိက အကျဉ်းထောင်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှု အဆက်အသွယ်ရှိနေကြောင်း၊ အမေရိကန် ပုဂ္ဂလိကအကျဉ်းထောင်စသည့် စီးပွားဖြစ်လုပ်ငန်းအုပ်စုများက နိုင်ငံရေးအလှူငွေ၊ နိုင်ငံရေးစည်းရုံးလှုံ့ဆော်မှု၊ အာဏာနှင့် ငွေကြေး လှဲလှယ်မှု စသည့်“လက်နက်” သုံးခုကို ရေရှည်အသုံးချကာ အမေရိကန်၏ နိုင်ငံရေးလမ်းစဉ်နှင့် ရာဇ၀တ်မှုဆိုင်ရာမူဝါဒအပေါ် လွှမ်းမိုးနေရန် အကျဉ်းသားအရေအတွက်နှင့် အကျဉ်းသားများ၏ ပြစ်ဒဏ်သက်တမ်းတိုးခြင်းအားဖြင့် ကြီးမားသော အကျိုးအမြတ်ရယူနေကြောင်း ၎င်းကဆိုသည်။

အမေရိကန်၏ ပုဂ္ဂလိကအကျဉ်းထောင် အကြမ်းဖက်မှု ဖြစ်စဉ်က အမျိုးသား အကျဉ်းထောင်ထက် ၆၅ ရာခိုင်နှုန်း ပိုများကြောင်း အချက်အလက်များအရသိရသည်ဟု ကျောက်လိကျန်းက ဆိုသည်။ ပုဂ္ဂလိက အကျဉ်းထောင်များရှိ အကျဉ်းသားများသည် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဆေးကုသခွင့် ကန့်သတ်ချက်များ နှင့် သဘာဝမကျသော သေဆုံးမှုစသည့် အန္တရာယ်တို့နှင့် အချိန်မရွေး ကြုံတွေ့ရသည့်အပြင် အခကြေးငွေ နည်းပါးသော အဓမ္မ လုပ်အားပေး ခိုင်းစေမှုများကိုလည်း ရေရှည်လုပ်ဆောင်နေရသည်။

“အမေရိကန်ရဲ့ ပုဂ္ဂလိက အကျဉ်းထောင်မှ ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးရလဒ်ဆိုးတွေက အမေရိကန်ရဲ့ မှားယွင်းတဲ့ စနစ်ကြောင့် ဖြစ်တယ်” အမေရိကန်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကျယ်လောင်စွာကြွေးကျော်နေပြီး လက်တွေ့တွင် အာဏာနှင့် အကျိုးအမြတ်ရရှိမှုက တရားမျှတမှု၏ အထက်တွင် ရှိနေသည်ဟု ၎င်းကဆိုသည်။

“အမေရိကန်က မိမိရဲ့အမှားကို လေးလေးနက်နက် ဆန်းစစ်သင့်ပြီး ရောဂါ ကောင်းကောင်းမွန်မွန် ကုသသင့်ပါတယ်။ အခြားသူရဲ့ ‘လူ့အခွင့်အရေးဆရာ’ လုပ်ဖို့အမြဲစိတ်ကူးမနေပါနဲ့ ” ဟု ကျောက်လိကျန်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
赵立坚:美国是名副其实的“监狱国家”

就有报告显示美国各类机构共关押了约200万名囚犯,外交部发言人赵立坚6月1日表示,美国是名副其实的“监狱国家”。美国公共监狱大量私有化、私营监狱大肆敛财,成为美式人权的又一顽疾劣迹。美方应该好好治治自己的病,不要总是幻想充当别国的“人权教师爷”。

根据美国公共政策智库“监狱政策倡议”近日发布的报告,美国102所联邦监狱、1566所州监狱、2850个地方看守所、1510个少年管教所、186个移民拘留所和82个原住民看守所,以及军事监狱等各类机构共关押了约200万名囚犯。

赵立坚1日在例行记者会上就相关问题答问时表示,美国人口数量不足世界总人口的5%,而监狱人口数量却有约200万,占全球在押人口的四分之一,是全世界监禁率最高和被监禁人数最多的国家。

“用美国历史学家罗宾•凯利的话讲,美国是名副其实的‘监狱国家’。”他说。

赵立坚说,截至2019年底,美国有超过10万人被拘禁在私营监狱。“美国公共监狱大量私有化、私营监狱大肆敛财,这也是世所罕见,成为美式人权的又一顽疾劣迹。”

“美国私营监狱是权力和资本勾结的产物。”赵立坚说,从上世纪80年代开始,美国政府打着“缓解收容压力、降低监禁成本”的旗号,将私营监狱纳入国家惩教体系,把本该由政府承担的责任交给利益集团。

他指出,在暴利的推动下,私营监狱迅速扩张,1990年至2010年20年间数量增加16倍。美国超过30个州与私营监狱公司有合作关系。美国私营监狱等利益集团长期利用政治捐款、政治游说和权钱交易等三大“法宝”,影响美国政治议程、刑事政策,通过增加监禁人数、延长监禁人员刑期攫取了巨额利益。

赵立坚说,据统计,美国私营监狱暴力事件比国家监狱多65%。私营监狱囚犯随时面临暴力、性侵、限制就医甚至非正常死亡的风险,长期从事高强度、低报酬的强迫劳动。

“美国私营监狱造成的人权恶果,究其根本是美国的制度出了问题。”他说,美国表面上把民主和人权的口号喊得震天响,实际上却让权力和资本凌驾于公平和正义之上。

“美方应该好好反省自己的错,好好治治自己的病,不要总是幻想充当别国的‘人权教师爷’。”赵立坚强调。(记者伍岳)