Connect with us

China

ပထမ ၅ လအတွင်း တရုတ်နိုင်ငံ၏ အင်တာနက်ကဏ္ဍမှ ဝင်ငွေ တည်တည်ငြိမ်ငြိမ်တိုးတက်မှုရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့ ရှိ ကွေ့ကျိုးတက္ကသိုလ်၌ State Key Laboratory of Public Big Data ၌ အလုပ်လုပ်နေသော ဝန်ထမ်း တစ်ဦးအား ၂၀၂၂ ခုနှစ် မေ ၂၇ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်တာနက်ကဏ္ဍသည် ယခုနှစ်၏ ပထမငါးလအတွင်း အင်တာနက်စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေများ တည်တည်ငြိမ်ငြိမ် တိုးတက်လာခဲ့ကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဇန်နဝါရီမှ မေလအတွင်း အဓိကအင်တာနက် လုပ်ငန်းများနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝင်ငွေသည် ယွမ် ၅၈၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၇.၄၉ ဘီလီယံခန့်) ရှိပြီး ယမန်နှစ်ကထက် ၁.၈ ရာခိုင်နှုန်း တိုးလာကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုးတက်မှုနှုန်းသည် ပထမလေးလအတွင်း မှတ်ပုံတင်ထားသော ၂.၇ ရာခိုင်နှုန်း တိုးတက်မှုမှ ကျဆင်းသွားခြင်းဖြစ်သည်။
ဇန်နဝါရီလမှ မေလအထိ အဆိုပါ ကုမ္ပဏီများ၏ စုစုပေါင်းအမြတ်ငွေသည် ယမန်နှစ်ကထက် ၁၄.၈ ရာခိုင်နှုန်း၊ ယွမ် ၄၉.၅၂ ဘီလီယံ ကျဆင်းသွားခဲ့ကြောင်း ပထမလေးလအတွင်းရှိခဲ့သော ၂၅.၄ ရာခိုင်နှုန်းမှ အနည်းငယ်လျော့နည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းမ္ပဏီများ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသုံးစရိတ်သည်လည်း ဇန်နဝါရီလမှ မေလအထိ တည်ငြိမ်စွာ တိုးလာပြီး ယမန်နှစ်ကထက် ၉.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။  (Xinhua)

……………………………..
(English Version)
China’s internet sector reports steady revenue growth in first 5 months
BEIJING, July 2 (Xinhua) — China’s internet sector saw steady growth in business revenue in the first five months of the year, data from the Ministry of Industry and Information Technology showed.

The business revenue of major internet and related service enterprises came in at 585 billion yuan (about 87.49 billion U.S. dollars) in the January-May period, up 1.8 percent year on year, the ministry said.

The growth rate slowed down from a 2.7-percent increase registered in the first four months.

From January to May, these companies saw their total profits fall 14.8 percent year on year to 49.52 billion yuan, narrowing from a 25.4-percent decline logged in the first four months.

Research and development expenditure of these companies increased steadily from January to May, up 9.1 percent year on year. ■
Photo-A staff member works at the State Key Laboratory of Public Big Data at Guizhou University in Guiyang, southwest China’s Guizhou Province, May 27, 2022. (Xinhua/Ou Dongqu)