Connect with us

Videos

CPC နိုင်ငံလုံးဆိုင်ရာပါတီညီလာခံက တရုတ်နိုင်ငံ နှင့် ကမ္ဘာအတွက် လွန်စွာအရေးကြီးကြောင်း ပြင်သစ်အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌပြောကြား

ပဲရစ် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံသည် တရုတ်နိုင်ငံ နှင့် တစ်ကမ္ဘာလုံးအတွက် လွန်စွာအရေးကြီးသည်မှာ သိသာထင်ရှားကြောင်း ပြင်သစ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ပါတီညီလာခံသည် ကမ္ဘာပေါ်ရှိ အဓိကပြဿနာများ၏ အဖြေအတွက် စိတ်ကူးသစ်များ ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်ကြောင်း ပြင်သစ်အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ Pierre Laurent က ပြောကြားခဲ့သည်။

“ပါတီညီလာခံက တရုတ်နိုင်ငံကို မကြာသေးမီဆယ်စုနှစ်များအတွင်း အင်အားပေးစွမ်းခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံနဲ့ တရုတ်ပြည်သူများအတွက်ရော ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ လွန်စွာအရေးကြီးတယ်ဆိုတာ အထင်အရှားဖြစ်ပါတယ်။ ပြီးတော့ ဒီပါတီညီလာခံရဲ့ရလဒ်တွေကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား ကြည့်ရှု၊ စောင့်ဆိုင်းနေကြပါတယ်။ တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်မှာ ကြီးမားတဲ့အောင်မြင်ဖြစ်ထွန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယနေ့ခေတ်မှာ ကမ္ဘာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုတွေ ၊ ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတွေ ၊ ရာသီဥတုစိန်ခေါ်မှုတွေ ၊ လူသားမျိုးနွယ်တွေအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိပါတယ်။ အဲဒီပြဿနာတွေကို ကမ္ဘာလုံးဆိုင်ရာ အဖြေရှာတဲ့နေရာမှာ တရုတ်နိုင်ငံက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လိမ့်မယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံရဲ့ အလုပ်က အဲဒီအဓိကပြဿနာတွေကို အဖြေရှာဖို့ စိတ်ကူးသစ်တွေ ဆောင်ကြဉ်းပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီပါတီညီလာခံကနေ လူသားအားလုံးအတွက် မျှဝေတဲ့ သတင်းစကား၊ ငြိမ်းချမ်းရေးသတင်းစကား၊ ဖွံ့ဖြိုးတိုးတက်မှု သတင်းစကားကို ကျွန်တော်တို့အားလုံး မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………………..

(English Version)
CPC national congress extremely important for China, world: French Senate vice president
A French official has said that the 20th National Congress of the Communist Party of China is obviously extremely important for China and the whole world.
Pierre Laurent, vice president of the French Senate, said the congress will bring new ideas for the solution of major problems in the world.
SOUNDBITE (French): PIERRE LAURENT, Vice president of French Senate
“This congress is obviously extremely important for China and for the Chinese people, also for the whole world, given the power that China has become in recent decades. And the whole world is watching, waiting and interested in the results of this congress. China has made great achievements in the process of development. And today there are very great challenges for humanity, climate challenges, challenges for peace, challenges for the social development of the world. And China obviously will play a role in the global solution to these problems. So I hope that the work of the 20th CPC National Congress will bring new ideas to move towards the solution to these major problems. We all expect a message of development, a message of peace, a message of sharing for all humanity from this congress.”
Xinhua News Agency correspondents reporting from Paris.
(XHTV)