Connect with us

Videos

ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေး အမျိုးသားမဟာဗျူဟာကို တရုတ်နိုင်ငံက ဆက်လက် တက်ကြွစွာ အကောင်အထည်ဖော်ဆောင်သွားမည်

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂၁ ရက်တွင် ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ ဂေဟနှင့်သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏ ပါတီအဖွဲ့ဝင်နှင့်ဒုတိယဝန်ကြီး ကျိုင်ချင်းက “လူနှင့်သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်ပြီး သင့်မြတ်၍ လှပသည့် တရုတ်နိုင်ငံအား တည်ဆောက်မည်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းထောက်များနှင့် ဆွေးနွေးဖလှယ်ပြောကြားခဲ့ရာ ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေး အမျိုးသားမဟာဗျူဟာကို တရုတ်နိုင်ငံအနေဖြင့် ဆက်လက် တက်ကြွစွာ အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ကျိုင်ချင်းက ပြောကြားခဲ့သည်။ (Xinhua)

——————————-
翟青:我国将继续实施积极应对气候变化国家战略
10月21日,中国共产党第二十次全国代表大会新闻中心举行记者招待会。生态环境部党组成员、副部长翟青围绕“建设人与自然和谐共生的美丽中国”主题与记者交流。翟青表示,我国将继续实施积极应对气候变化国家战略。
新华社前方报道组
编辑:刘思远
新华社音视频部制作