Connect with us

Europe

ရုရှား သမ္မတ ပူတင်က မာရီယူပိုးလ်ရှိ Azovstal စက်ရုံအား ပိတ်ဆို့ရန် ညွှန်ကြား

မာရီယူပိုးလ်မြို့တွင် ပျက်စီးနေသော အဆောက်အအုံအနီး ဖြတ်သန်းသွားလာနေသူများအား ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က မာရီယူပိုးလ် ဆိပ်ကမ်းမြို့ရှိ Azovstal စက်ရုံကို ဝင်ရောက်တိုက်ခိုက်မည့်အစား ပိတ်ဆို့ထားရန် ဧပြီ ၂၁ ရက်က ညွှန်ကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

ယူကရိန်း စစ်သားများ ပုန်းခိုနေဆဲဖြစ်သော ယင်းစက်ရုံမှလွဲ၍ မာရီယူပိုးလ်မြို့အား ရုရှားစစ်တပ်က ထိန်းချုပ်ပြီးကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပူတင်အား တင်ပြခဲ့ပြီးနောက် အဆိုပါ ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သတင်းက ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Putin orders blockade of Azovstal plant in Mariupol: media
Source: XinhuaEditor: huaxia2022-04-21 16:26:31

MOSCOW, April 21 (Xinhua) — Russian President Vladimir Putin on Thursday ordered a blockade of the Azovstal plant in the port city of Mariupol instead of storming it, local media reported.

The order was given after Defense Minister Sergei Shoigu told Putin that the Russian military had controlled Mariupol apart from the plant where Ukrainian servicemen were still holed up, said the report. ■
Photo : People walk past a damaged building in Mariupol, April 14, 2022. (Photo by Victor/Xinhua)