Connect with us

Europe

ဇယ်လန်းစကီးက ပေါ်တူဂီထံမှ အကူအညီနှင့် လက်နက်ကြီးများ တောင်းခံ

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် သမ္မတတာဝန်ထမ်းဆောင်ခြင်း နှစ်နှစ်ကြာပြီးနောက် ၂၀၂၁ ခုနှစ် မေ ၂၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား တွေ့ရစဉ် (ဆင်ဟွာ)

လစ်စဘွန်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံအနေဖြင့် “လက်နက်ကြီးများ” ပေးပို့ရန်နှင့် ရုရှားနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့မှုများ အားကောင်းစွာ လုပ်ဆောင်ရန် ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) က ပေါ်တူဂီ လွှတ်တော်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

“ဒီလိုခက်ခဲတဲ့အချိန်ကာလမှာ အခွင့်အရေးရရှိတဲ့အတွက် ကျေးဇူးပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေ ဘယ်လိုခံစားနေရတယ်၊ ကျွန်တော်တို့ လွတ်လပ်ခွင့်ရော အသက်ရှင်ရပ်တည်ခွင့်အတွက်ပါ ဘယ်လိုတိုက်ခိုက်နေရတယ် ဆိုတာတွေ ခင်ဗျားတို့သိကြပါတယ်” ဟု သမိုင်းကြောင်းတွင် ပေါ်တူဂီနိုင်ငံက ကြုံတွေ့ခဲ့သည့်အရာကို ရည်ညွှန်းလျက် ဇယ်လန်းစကီးက ပြောခဲ့သည်။

ဇယ်လန်းစကီးက ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည့် လွှတ်တော်၌ ပေါ်တူဂီနိုင်ငံ သမ္မတ Marcelo Rebelo de Sousa နှင့် ဝန်ကြီးချုပ် Antonio Costa တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ သမ္မတ၏ မိန့်ခွန်းသည် ပေါ်တူဂီနိုင်ငံအား “ကျေးဇူးတင်ကြောင်းပြသခြင်း” နဲ့ “ဥရောပမိသားစုတစ်ခုအဖြစ် ပေါင်းစည်းဖို့ အင်မတန်အားကောင်းတဲ့ စိတ်ဆန္ဒ” ဖြစ်ကြောင်း ပေါ်တူဂီ သမ္မတက ပြောကြားခဲ့သည်။ (Xinhua)

……………………………………….
(English Version)
Zelensky asks for help, heavy weapons from Portugal
Source: XinhuaEditor: huaxia2022-04-22 09:21:46

LISBON, April 21 (Xinhua) — Addressing the Portuguese parliament via video link, Ukrainian President Volodymyr Zelensky on Wednesday called on Portugal to send “heavy weapons” and strengthen the sanctions on Russia.

“I am grateful for the opportunity in this difficult time because you know how we are feeling, fighting for our independence, but also our survival,” said Zelensky, referring to what Portugal experienced in history.

Zelensky’s 15-minute speech received a standing ovation in the parliament attended by Portuguese President Marcelo Rebelo de Sousa and Prime Minister Antonio Costa.

Portuguese president said that the speech of his Ukrainian counterpart “showed gratitude” to Portugal and “a very strong desire to integrate the European family.” ■
Photo : File photo shows Ukrainian President Volodymyr Zelensky attending a press conference devoted to his two years in office in Kiev, Ukraine, May 20, 2021. (Photo by Sergey Starostenko/Xinhua)