Connect with us

Economy

တရုတ်-ဥရောပ ကုန်တင်ရထားက ဖရန့်ဘတ်မြို့တွင် စီးပွားရေးအခွင့်အလမ်းများစွာ ဖော်ဆောင်ပေး

တရုတ်-ဥရောပ ရထားကြီးတစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိGuoyan ဆိပ်ကမ်းသို့ ဦးတည်ဝင်ရောက်လာသည်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

ဖရန့်ဘတ် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဂျာမနီနိုင်ငံ ဖရန့်ဘတ်မြို့(Frankfurt) သို့ မကြာသေးခင်က တတိယမြောက် ကုန်တင်ရထားတစ်စင်း ဆိုက်ရောက်လာရာ ယင်းမှာ ဖရန့်ဘတ်မြို့အတွက် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အထွေထွေမန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။
ပင်လယ်ရေကြောင်းရော လေကြောင်းခရီးပါ နှစ်ခုစလုံးတွင် သယ်ယူပို့ဆောင်ရေး ခက်ခဲနေချိန်၌ တရုတ်-ဥရောပ ကုန်တင်ရထားများသည် တိုက်ရိုက်ဆက်သွယ် သွားလာရေးအတွက် အခြားလမ်းကြောင်းတစ်ခုအဖြစ် ပံ့ပိုးပေးခဲ့ကြောင်း Hoechst Frankfurt စက်မှုဇုန်၏ အထွေထွေမန်နေဂျာ Kawus Khederzadeh က ဆင်ဟွာသတင်းဌာနနှင့်မကြာသေးခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဖြေကြားခဲ့သည်။

တရုတ်-ဥရောပ ရထားကြီးတစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ Tuanjiecunဘူတာရုံမှ ဂျာမနီနိုင်ငံသို့ ဦးတည်ထွက်ခွာရန် ပြင်ဆင်နေသည်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ အဲဒါက ဖရန့်ဘတ်မြို့ရဲ့ စက်မှုကဏ္ဍ သယ်ယူပို့ဆောင်ရေး သက်ဝင်လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်မှာဖြစ်သလို စီးပွားရေး အခွင့်အလမ်းကောင်းများစွာကိုလည်း ပိုမိုဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ စိန်ရန်မြို့မှ အစပြုထွက်ခွာလာသော မော်တော်ကားအစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်ရထားတစ်စင်းသည် ဖရန့်ဘတ်မြို့ Hoechst ခရိုင်သို့ မေ ၁၈ ရက်တွင် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ၁၂ လအတွင်း တရုတ်နိုင်ငံမှ ဖရန့်ဘတ်သို့ ရောက်ရှိလာသော တတိယမြောက် ကုန်တင်ရထားကြီးဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသQinzhou မြို့ Qinzhou ဆိပ်ကမ်းရှိ လွယ်လင့်တကူ ကုန်တင်ကုန်ချပြုနိုင်သော ဘူတာရုံတွင် တရုတ်-ဥရောပ ရထားကြီးတစ်စင်းပေါ်သို့ ကွန်တိန်နာများ တင်ဆောင်နေသည်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားများသည် ပုံမှန်အားဖြင့် ဥရောပတိုက်နိုင်ငံအများအပြားရှိ မြို့ရွာ အရေအတွက်များစွာကို လွှမ်းခြုံကာ တိုးမြှင့်ရောက်ရှိလာနေသကဲ့သို့ ဖရန့်ဘတ် မှ တရုတ်နိုင်ငံသို့ ပုံမှန် ချိတ်ဆက်ပြေးဆွဲသည့် ကုန်တင်ရထား မရှိသေးကြောင်း သိရသည်။

ဥရောပတိုက်အလယ်ဗဟိုချက်တွင် တည်ရှိသော ဖရန့်ဘတ်သည် ဥရောပတိုက်ရှိ အခြားသော ဒေသများအားလုံးနှင့် ကောင်းမွန်စွာ ချိတ်ဆက်သွားလာနိုင်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းပို့ဆောင်ရေးသည် အမြင့်ဆုံးအဆင့်တစ်ခုသို့ရောက်ရှိလာချိန်ကတည်းက တရုတ်-ဥရောပ ကုန်တင်ရထားများသည် အရေးကြီးသော ရွေးချယ်စရာ အလှည့်အပြောင်းတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Khederzadeh က ဆိုသည်။(Xinhua)

———————–
(English Version)

China-Europe freight train taps business opportunities in Frankfurt
FRANKFURT, May 22 (Xinhua) — A third freight train recently arrived in Frankfurt from China and a local general manager believed that it would bring more business opportunities to the city.
Given that transportations by sea and air are both strained, the China-Europe freight trains provided another way of direct connections, Kawus Khederzadeh, general manager of the industrial park in Hoechst Frankfurt, told Xinhua in a recent interview.
“It will increase the vitality of the logistics industry in Frankfurt and bring more business opportunities,” Khederzadeh said.
Starting from Shenyang city in China, a freight train carrying auto parts and components arrived in the Hoechst district of Frankfurt on Wednesday. It was the third freight train coming to Frankfurt from China within 12 months.
As the China-Europe freight trains are covering an increasing number of destinations in European countries regularly, there has not been a regular freight train linking Frankfurt to China.
Located at the center of the European continent, Frankfurt has good connections with other destinations in Europe by all means.
Since the freight fare by sea is hovering on a relatively high level, the China-Europe freight trains will be an important alternative, said Khederzadeh.

Photo (1) A China-Europe freight train is towed into Guoyuan Port in Chongqing, southwest China, Feb. 19, 2022. (Xinhua/Tang Yi)
Photo (2) A China-Europe freight train bound for Duisburg of Germany prepares for departure at Tuanjiecun Station in southwest China’s Chongqing, Jan. 1, 2021. (Xinhua/Tang Yi)
Photo (3) A loader lifts a container meant for the China-European freight train at the east railway station of the Qinzhou Port in Qinzhou City of south China’s Guangxi Zhuang Autonomous Region, Jan. 16, 2021. (Xinhua/Zhang Ailin)■