Connect with us

Culture & Entertainment

တရုတ်နိုင်ငံက ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်ပေါ်တွင် အမျိုးသားဥယျာဉ်အသစ်များ ထူထောင်မည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်ရှိ Sonam Dargye ကာကွယ်ရေးစခန်း၏ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးစင်တာ၌ တိဗက်တောဆိတ်တစ်ကောင်အား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်ပေါ် နှင့် ယန်ဇီမြစ်ဝှမ်း ၊ မြစ်ဝါမြစ်ဝှမ်းတို့တွင် အမျိုးသားဥယျာဉ် လုပ်ငန်းအသစ်များ ထူထောင်သွားမည် ဖြစ်ကြောင်း အမျိုးသားသစ်တောလုပ်ငန်း နှင့် မြက်ခင်းပြင် စီမံခန့်ခွဲရေး အဖွဲ့ က မေ ၂၂ ရက်တွင် ပြောကြားခဲ့သည်။နှစ်ပေါင်းများစွာကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်နိုင်ငံသည် သဘာဝမြေပြင်ဂေဟစနစ်အမျိုးအစား၏ ၉၀ ရာခိုင်နှုန်းအား ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း နှင့် ရှားပါးပြီး မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်သော တောရိုင်းတိရစ္ဆာန် နှင့် အပင်မျိုးစိတ် ၃၀၀ ကျော် ကို တိုးတက်များပြားလာစေခဲ့ကြောင်း အဖွဲ့ က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမျိုးသားဥယျာဉ်များတစ်ဝိုက် အခြေပြုသည့် သဘာဝဘေးမဲ့တောထိန်းသိမ်းစောင့်ရှောက်မှုစနစ် ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ပြီး အဓိကနိုင်ငံတော်အဆင့် အကာအကွယ်ပေးထားသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ နှင့် ၎င်းတို့ ကျက်စားရာနေရာ ၈၀ ရာခိုင်နှုန်းကျော်သည် ထိရောက်သောကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(English Version)
China to establish new national parks on Qinghai-Tibet Plateau
BEIJING, May 22 (Xinhua) — China will set up a new batch of national parks this year on the Qinghai-Tibet Plateau, and in the basins of the Yangtze River and the Yellow River, said the National Forestry and Grassland Administration Sunday.
Through years of efforts, China has effectively protected 90 percent of typical terrestrial ecosystem types, and increased the wild populations of over 300 rare and endangered wild animals and plants, according to the administration.
China will accelerate the development of a nature reserve system based around national parks, the ministry noted, adding that more than 80 percent of key state-protected wildlife species and their habitats will be under effective protection. ■
Photo – Photo taken on Sept. 28, 2021 shows a Tibetan antelope at a wildlife rescue center of the Sonam Dargye Protection Station in Hoh Xil, northwest China’s Qinghai Province. (Xinhua/Yan Fujing)