Connect with us

Europe

အသက် ၁၇ နှစ်အရွယ် Mack Rutherford က တစ်ကိုယ်တော်ကမ္ဘာပတ်ပျံသန်းသော အသက်အငယ်ဆုံး လေယာဉ်မှူးဖြစ်လာ

ဘူလ်ဂေးရီးယားနိုင်ငံ Sofia West လေဆိပ်တွင် ဆင်းသက်ပြီးနောက် လက်ဝှေ့ယမ်းပြနေသော Mack Rutherford အား ၂၀၂၂ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုဖီယာ၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

အသက် ၁၇ နှစ်အရွယ် Mack Rutherford သည် တစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းသော အသက်အငယ်ဆုံး လေယာဉ်မှူးအဖြစ် လက်ရှိကမ္ဘာ့စံချိန်ကိုချိုးခဲ့ပြီးနောက် ဩဂုတ် ၂၄ ရက်က ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆင်းသက်ခဲ့ကြောင်း သိရသည်။
၎င်း၏အောင်မြင်မှုသည် ဂင်းနစ်ကမ္ဘာ့စံချိန်နှင့် ထိုက်တန်မှုရှိကြောင်း အသိအမှတ်ပြုခံခဲ့ရကာ လေယာဉ်ဖြင့် တစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းသည့် အသက်အငယ်ဆုံး (အမျိုးသား) နှင့် သေးငယ်ပေါ့ပါးသော လေယာဉ်ဖြင့် တစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းသော အသက်အငယ်ဆုံး (အမျိုးသား) စသည့် အသိအမှတ်ပြုလက်မှတ်နှစ်စောင်အား လေယာဉ်ဆင်းသက်ပြီးလျှင်ပြီးချင်း ပေးအပ်ခြင်းခံခဲ့ရသည်။

Rutherford သည် ယခုနှစ် မတ် ၂၃ ရက်က ဆိုဖီယာမြို့မှ ပျံသန်းထွက်ခွာခဲ့ပြီး နိုင်ငံ ၅၂ နိုင်ငံအား ဖြတ်သန်းပြီးနောက် ယင်းမြို့၌ပင် တစ်ဖန်ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပျံသန်းမှုကြာမြင့်ချိန်မှာ နာရီပေါင်း ၂၅၀ ခန့် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

ဘူလ်ဂေးရီးယားနိုင်ငံ Sofia West လေဆိပ်သို့ ချဉ်းကပ်လာသော Mack Rutherford ၏ လေယာဉ်အား ၂၀၂၂ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………………

(English Version)
17-year-old becomes youngest pilot to fly solo around world
SOFIA, Aug. 25 (Xinhua) — Mack Rutherford, 17, landed here on Wednesday after he broke the current world record for the youngest pilot to fly solo around the world.
His achievement was duly recognized by the Guinness World Records, which handed him two certificates immediately after landing: for the youngest (male) person to circumnavigate the world by aircraft solo, and the youngest (male) person to circumnavigate the world in a microlight plane solo.
Rutherford took off from Sofia on March 23 this year and landed again here after flying through 52 countries and logging up around 250 hours of flying time.
At 17, Belgian-British Mack Rutherford becomes the youngest pilot to fly solo around the world. Read more on xhtxs.cn/y11

Photo 1 : Mack Rutherford waves after landing at Sofia West Airport in Bulgaria, on Aug. 24, 2022. (Photo by Marian Draganov/Xinhua)
Photo 2 : The aircraft of Mack Rutherford approaches Sofia West Airport in Bulgaria, on Aug. 24, 2022. (Photo by Marian Draganov/Xinhua)