Connect with us

China

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်း မာအွန် ဝင်ရောက်တိုက်ခတ်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် Yangjiang မြို့တွင် ဘေးကင်းရေးအတွက် ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိနေသော ငါးဖမ်းလှေများအား ၂၀၂၂ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

ယခုနှစ်၏ ၉ လုံးမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သော မာအွန် (Ma-on) သည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မောက်မင်မြို့၏ ကမ်းရိုးတန်းပေါ်တွင် ဩဂုတ် ၂၅ ရက် နံနက် ၁၀:၃၀ နာရီခန့်က လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၈.၈ ကီလိုမီတာဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ မိုးလေဝသစခန်းက ပြောကြားခဲ့သည်။

မာအွန် တိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီလျှင် ၂၅ ကီလိုမီတာနှုန်းဖြင့် အနောက်မြောက်ဘက်သို့ ရွေ့လျားသွားမည်ဖြစ်ကာ မောက်မင်မြို့ကို ဖြတ်သန်းလျက် ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ဝင်ရောက်၍ မွန်းလွဲပိုင်းတွင် တဖြည်းဖြည်းအားလျော့သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………

(English Version)

Typhoon Ma-on makes landfall in south China’s Guangdong Province
GUANGZHOU, Aug. 25 (Xinhua) — Typhoon Ma-on, the ninth typhoon of the year, made landfall with wind speeds of up to 118.8 km per hour around 10:30 a.m. Thursday on the coast of Maoming City, south China’s Guangdong Province, the provincial meteorological station said.
Ma-on will move northwestward at a speed of about 25 km per hour, passing through the city of Maoming and entering Guangxi Zhuang Autonomous Region in the afternoon with its strength gradually weakened. xhtxs.cn/y2r
Photo : In this aerial photo, fishing boats have returned to a port for shelter in Yangjiang City, south China’s Guangdong Province, Aug. 24, 2022.(Xinhua/Deng Hua)