Connect with us

China

တရုတ်နိုင်ငံက နိုင်ငံခြားကုန်သွယ်ရေး တည်ငြိမ်ရန်နှင့် အဆင့်မြှင့်တင်ရန် ဆောင်ရွက်ချက်များ အသေးစိတ်ထုတ်ပြန်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၊ ချင်းသောင်မြို့ရှိ Qianwan ကွန်တိန်နာဆိပ်ကမ်းတွင် ကွန်တိန်နာတင်သင်္ဘော ရပ်နားနေသည်ကို မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စီးပွားရေး၊ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ တည်ငြိမ်မှု ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုအနေဖြင့် နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်ရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်ချက်များ အသေးစိတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီမှ မေ ၂၆ ရက်က ထုတ်ပြန်သော လမ်းညွှန်ချက်အရ အဓိက နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများဆိုင်ရာ ဝန်ဆောင်မှုများအနေဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ချက်များကိုလည်း နိုင်ငံခြားကုန်သွယ်မှုကုန်စည်များအတွက် အတားအဆီးမရှိထောက်ပံ့သယ်ပို့ဆောင်ရွက်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် e-commerce ကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများဆိုင်ရာ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးပံ့ပိုးမှုကိုလည်း အားကောင်းစေမည် ဖြစ်ကြောင်း လမ်းညွှန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် အွန်လိုင်းကုန်စည်ပြပွဲများကလည်း နိုင်ငံခြားကုန်သွယ်ရေး ငွေပေးငွေယူမှုများ ပမာဏတိုးမြင့်လာစေရန် စီးပွားရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေသင့်ကြောင်း လမ်းညွှန်ချက်က မှတ်ချက်ပြုထားသည်။

သွင်းကုန်မြှင့်တင်ရေး သရုပ်ပြဇုန်အသစ်များကိုလည်း ရှေ့ဆက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း လမ်းညွှန်ချက်က ဆိုသည်။ (Xinhua)

………………………………………………
(English Version)
China details measures to stabilize, upgrade foreign trade
Source: Xinhua
Editor: huaxia
2022-05-26 18:28:46

BEIJING, May 26 (Xinhua) — China has detailed measures to stabilize and upgrade foreign trade, in an effort to keep the economy and industrial and supply chains stable.
According to a guideline released on Thursday by the State Council, China’s cabinet, services for key foreign trade enterprises will be enhanced and measures will be put in place to ensure unimpeded logistics for foreign trade cargos.
Fiscal and financial support for foreign trade enterprises will be strengthened, according to the guideline, while efforts will be made to shore up cross-border e-commerce.
The guideline also noted that online exhibitions should be optimized to help enterprises increase the volume of foreign trade transactions.
A new batch of demonstration zones to promote imports will be fostered, it said. ■

Photo : Photo taken on May 1, 2022 shows a container vessel docking at the Qianwan Container Terminal in Qingdao, east China’s Shandong Province. (Xinhua/Li Ziheng)