Connect with us

China

NATO အဖွဲ့အနေဖြင့် အာရှတိုက်နှင့် ကမ္ဘာကြီးကို ရှုပ်ထွေးအောင်မွှေနှောက်မှု ကြိုးပမ်းခြင်းမှ ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု၌ ရှင်းလင်းပြောကြားနေသည်ကို မေ ၂၆ ရက်က တွေ့ရစဉ်(ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

ယခုကာလများတွင် NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က တရုတ်နိုင်ငံအပေါ် အပျက်သဘောဆောင်သော မှတ်ချက်စကားနှင့် ပတ်သက်၍ Stoltenberg အနေဖြင့် တရုတ်ကို ဦးတည်ကာ သွားပုပ်လေလွင့်စွပ်စွဲပြောဆိုခြင်းများကို ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက မေ ၂၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ NATO အဖွဲ့သည် ဥရောပတိုက်ကို ရှုပ်ထွေးအောင်မွှေေနှောက်ခဲ့ပြီး အာရှတိုက်နှင့် ကမ္ဘာကြီးကို အလားတူဖြစ်စေရန် ကြိုးပမ်းခြင်းမှ ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

သတင်းအချက်အလက်များအရ NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က မေ ၂၄ ရက် အင်တာဗျူးဖြေကြားရာတွင် တရုတ်နိုင်ငံက “အာဏာရှင်စနစ်” နိုင်ငံကြီးဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က NATO အဖွဲ့ ချဲ့ထွင်ခြင်းရပ်တန့်ရန်နှင့် ဖျက်သိမ်းရန် ယခင်ကတိုက်တွန်းခဲ့ရာ NATO အဖွဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေသောကြောင့် NATO အနေဖြင့် တုံ့ပြန်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် ယင်းအပေါ် မည်သို့ မှတ်ချက်ပြုပါသလဲဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယခုကာလများအတွင်း NATO အထွေထွေအတွင်းရေးမှူးချုပ်သည် တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိ ပြစ်တင်ဝေဖန်ခြင်း၊ သွားပုပ်လေလွင့်စွပ်စွဲပြောဆိုမှတ်ချက်ပြုခြင်းများဖြင့် ဆက်တိုက်တိုက်ခိုက်များ ပြုလုပ်ကာ တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ပြည်တွင်းပြည်ပမူဝါဒများအပေါ် ၎င်းထင်မြင်သလို မှတ်ချက်ပြုခြင်း၊ “တရုတ်ခြိမ်းခြောက်မှု” အဆိုကို ချဲ့ကားပြောဆိုခြင်းအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။

“NATO အဖွဲ့က တစ်ဖက်မှာ အခြားအဖွဲ့ဝင်နိုင်ငံတွေ စစ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ရေးအသုံးစရိတ်က GDP ၏ ၂ ရာခိုင်နှုန်း အထိ(သို့) ကျော်လွန်ရမယ်ဟု တောင်းဆိုထားပြီး အခြားတစ်ဖက်မှာ တရုတ်နိုင်ငံရဲ့ ပုံမှန်အမျိုးသားကာကွယ်ရေးနဲ့ ခေတ်မီစစ်တပ်အသွင်ပြောင်းခြင်းအပေါ် တာဝန်မဲ့မှတ်ချက်ပြုမှုတွေ လုပ်ဆောင်ခဲ့တယ်၊ ဒါဟာ စံတင်လောက်တဲ့ စံနှုန်းနှစ်မျိုးဖြစ်တယ်” ဟု ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အခိုင်အမာ လျှောက်လှမ်းကာ ကာကွယ်ရေးဆိုင်ရာ အမျိုးသားကာကွယ်ရေးမူဝါဒကို အခိုင်အမာ လက်ကိုင်ပြုထားကြောင်းနှင့် နျူကလီးယားအင်အားကို အမျိုးသားလုံခြုံရေးလိုအပ်ချက်၏ အနိမ့်ဆုံးအဆင့်တွင် ထားရှိကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် GDP ၏ ၁.၃ ရာခိုင်နှုန်းသာ ထိန်းသိမ်းထားပြီး ကမ္ဘာ့ပျမ်းမျှအဆင့်ထက် များစွာနည်းနေကြောင်း၊ တရုတ်နိုင်ငံသည် အချို့သော NATO အဖွဲ့ဝင်နိုင်ငံများကဲ့သို့ အခြားနိုင်ငံများအား စစ်အင်အားဖြင့် ခြိမ်းခြောက်ခြင်း၊ စစ်ရေးမဟာမိတ်ဖွဲ့ခြင်း၊ ၎င်း၏ အတွေးအမြင်ပုံစံကို ဖြန့်ဝေခြင်း မပြုကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲစတင်ခြင်း၊ အခြားနိုင်ငံ ကုမ္ပဏီလုပ်ငန်းများကို အကျိုးအကြောင်းမရှိ ဖိနှိပ်ခြင်း မပြုခဲ့ရာ NATO အဖွဲ့၏ လုံခြုံရေးကို တရုတ်က မည်သို့ခြိမ်းခြောက်နိုင်မည်နည်းဟု ပြောဆိုခဲ့သည်။

NATO အဖွဲ့သည် ဒေသတွင်းမဟာမိတ်ရပ်တည်ချက် ပြောင်းလဲခြင်းမရှိသည့်အတွက် ပထဝီဆိုင်ရာ ကျော်လွှားမှု မရှာဖွေလိုသကဲ့သို့ အခြားဒေသ အဖွဲ့ဝင်များ တိုးချဲ့ရန်လည်း မကြိုးပမ်းကြောင်း NATO က အကြိမ်ကြိမ် အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း မကြာသေးမီနှစ်များအတွင်း NATO အဖွဲ့သည် အာရှ-ပစိဖိတ်ဒေသသို့ ဆက်လက်ဝင်ရောက်လာကာ အချို့ NATO အဖွဲဝင်နိုင်ငံများက တရုတ်နိုင်ငံအနီးတဝိုက်ရှိ ရေပြင်၌ စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီး ဒေသတွင်းတင်းမာမှုများနှင့် ပဋိပက္ခများကို လှုံဆော်နေသည်။ နေတိုးသည် ဒေသများနှင့် နယ်ပယ်များ ဖြတ်ကျော်ပြီး အုပ်စုဖွဲ့ထိပ်တိုက်တွေ့မှု၏ ‘စစ်အေးတိုက်ပွဲသစ်’ ကို လုပ်ဆောင်နေသည်။ နိုင်ငံတကာအသိုက်အဝန်းက ယင်းအပေါ် အထူးသတိထား၍ ပြတ်ပြတ်သားသား ဆန့်ကျင်သင့်ကြောင်း ၎င်းကဆိုသည်။

မိမိတို့အနေဖြင့် တရုတ်နိုင်ငံအပေါ် သွားပုပ်လေလွင့်စွပ်စွဲပြောဆိုသောမှတ်ချက်ပြု ဖြန့်ဝေခြင်းမှ ရပ်တန့်ရန်နှင့် အတွေးအမြင်ပုံစံကို ဖြန့်ဝေခြင်း မပြုရန်အတွင်းရေးမှူးချုပ် Stoltenberg အား တိုက်တွန်းကြောင်း၊ NATO အဖွဲ့သည် ဥရောပတိုက်ကို ရှုပ်ထွေးအောင် မွှေေနှောက်ခဲ့ပြီး အာရှတိုက်နှင့် ကမ္ဘာကြီးကို အလားတူဖြစ်စေရန် ကြိုးပမ်းခြင်းမှ ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။  (Xinhua)

…………………………………………..
(Chinese Version)
外交部:北约不要再企图搞乱亚洲、搞乱全世界

新华社北京5月26日电(记者马卓言)针对北约秘书长斯托尔滕贝格近期涉华消极言论,外交部发言人汪文斌26日在例行记者会上说,中方敦促斯托尔滕贝格停止散播针对中方的抹黑言论。北约已经搞乱了欧洲,不要再企图搞乱亚洲,搞乱全世界。
有记者问:据报道,北约秘书长斯托尔滕贝格24日接受采访时表示,中国是“威权主义”大国,中俄两国曾呼吁北约停止扩大和解散,这对北约安全构成威胁,因此北约必须要予以应对。中方对此有何评论?  汪文斌指出,一段时间以来,北约秘书长不断对中方进行无端指责和抹黑攻击,妄议中国政治制度和对内对外政策,鼓噪“中国威胁论”,中方对此坚决反对并予以强烈谴责。  “北约一方面呼吁其成员国加大军费开支,要求成员国军费达到或超过占GDP2%的水平,另一方面对中国正常的国防和军队现代化建设说三道四,这是典型的双重标准。”汪文斌说。  他表示,中国坚持走和平发展道路,坚定奉行防御性国防政策,始终将核力量维持在国家安全需要的最低水平。中国国防费占GDP比重长期保持在1.3%左右,远低于世界平均水平。“中国不像有些北约国家那样以武力威胁他国,不搞军事同盟,不对外输出意识形态,从未将手伸进别人家里,也不主动打贸易战,不无端打压他国企业,何谈中国威胁北约安全?”
汪文斌指出,北约多次公开表示,北约作为区域性联盟的定位没有变化,不寻求地理突破,也不寻求到其他地区扩员。但近年来北约却不断进入亚太地区,一些北约成员国不停派飞机、军舰到中国周边海域搞军事演习,制造局势紧张、挑动矛盾。“北约持续突破地域和领域,鼓吹集团对抗的‘新冷战’,国际社会对此理应高度警惕并坚决反对。”  “我们敦促斯托尔滕贝格秘书长停止散播针对中方的抹黑言论,放弃以意识形态划线的做法。北约已经搞乱了欧洲,不要再企图搞乱亚洲,搞乱全世界。”汪文斌说。(完)