Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်ကတည်ဆောက်ထားသည့် Padma တံတားအား ကူးလူးသွားလာနိုင်ရန် ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Padma တံတားအား ဇွန် ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုက တည်ဆောက်သည့် Padma တံတားအား ဇွန် ၂၅ ရက်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Sheikh Hasina က တံတားအား ဖွင့်လှစ်ခဲ့ပြီးနောက် မြို့တော် ဒါကာမြို့နှင့် နိုင်ငံတောင်ဘက်ပိုင်းရှိ ခရိုင် ၂၁ ခရိုင်တို့အကြား ကုန်းလမ်း နှင့် ရထားလမ်းတို့ဖြင့် တိုက်ရိုက်ဆက်သွယ်မှုကို ထူထောင်ရန် အရေးကြီးသောသယ်ယူပို့ဆောင်ရေးလမ်းဆုံတစ်ခု ဖြစ်လာမည်ဟု ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Padma တံတားအား ဇွန် ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါတံတားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ GDP တိုးတက်မှုအား အဆင့် ၁ ဒသမ ၂၃ ရာခိုင်နှုန်း ပံ့ပိုးပေးရေး နှင့် ဆင်းရဲနွမ်းပါးမှုနှုန်း တစ်နှစ်လျှင် အဆင့် ၀ ဒသမ ၈၄ ရာခိုင်နှုန်းအထိ လျှော့ချရေးအတွက် မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

စီးပွားရေးဇုန် နှင့် နည်းပညာမြင့်ဇုန် အသစ်များအား တံတားအား ဗဟိုပြုကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ၊ ရလာဒ်အနေဖြင့် ပြည်တွင်း နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်မည် ဖြစ်ပြီး နိုင်ငံ၏စက်မှုထူထောင်ခြင်းအရှိန်အဟုန်အား အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပြောကြားခဲ့သည်။

Padma တံတားသည် အာရှအဝေးပြေးလမ်းကွန်ရက်၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ဒေသတွင်းကုန်သွယ်မှုအား အလွန်အထောက်အကူပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းတံတားသည် ဒါကာမြို့၏ အနောက်တောင်ဘက် ၄၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး စုစုပေါင်း အရှည် ၉ ဒသမ ၈ ကီလိုမီတာ ရှိပြီး ယင်းအနက် ပင်မတံတားသည် ၆ ဒသမ ၁၅ ကီလိုမီတာ ရှည်လျားကြောင်း သိရသည်။

အဆိုပါစီမံကိန်းအား China Railway Major Bridge Engineering Group ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုက အကြီးမားဆုံး ပြည်ပတံတားတည်ဆောက်မှုအတွက် စံချိန်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)

Chinese-built Padma Bridge opens to traffic in Bangladesh
Source: Xinhua Editor: huaxia 2022-06-27 12:00:17
The 9.8-km Padma Bridge, which opened to traffic on June 25, will play an important role in advancing economic development of Bangladesh.
DHAKA, June 27 (Xinhua) — The Padma Bridge built by a Chinese enterprise held an opening ceremony here on Saturday in Bangladesh.
In her inauguration ceremony speech, Prime Minister Sheikh Hasina said that after the launch of the bridge, it will become an important transportation junction to establish direct communication between the capital Dhaka and 21 districts in the southern part of the country by road and rail.
The bridge is expected to contribute 1.23 percentage points to Bangladesh’s GDP growth and reduce poverty rate by 0.84 percentage point per year, she added.
New economic zones and high-tech parks will be built centering on the bridge. As a result, domestic and foreign investment will be attracted and the pace of industrialization of the country will be accelerated, the prime minister said.
The Padma Bridge is a major part of the Asian Highway Network, thus contributing greatly to regional trade, she said.
The Padma Bridge is located about 40 km southwest of Dhaka, with a total length of 9.8 km, and of that, the main bridge is 6.15 km long.
The project was undertaken by China Railway Major Bridge Engineering Group Co, Ltd, setting a record for the largest overseas bridge construction by a Chinese enterprise.■
Photo 1 – Photo taken on June 25 shows the Padma Bridge in Dhaka, Bangladesh. (Xinhua)
Photo 2 – Photo taken on June 25 shows the Padma Bridge in Dhaka, Bangladesh. (Xinhua)