Connect with us

China

တရုတ်နိုင်ငံက လှူဒါန်းသည့် အကူအညီများအား ဆင်းရဲချို့တဲ့သော အာဖဂန်မိသားစု ၃,၀၀၀ ရရှိ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ တရုတ်နိုင်ငံက လှူဒါန်းသည့် အစားအစာများအား လက်ခံရယူနေသည့် ပြည်သူများအား ဧပြီ ၂၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဧပြီ ၂၇ ရက်တွင် တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအား ဆင်းရဲချို့တဲ့သူ စုစုပေါင်းဦးရေ ၃,၀၀၀ က ၎င်းတို့၏ မိသားစုကိုယ်စား လက်ခံရရှိခဲ့ကြောင်း သိရသည်။

ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဝန်ကြီး Khalil-ur-Rahman Haqqani တက်ရောက်ခဲ့သည့် အခမ်းအနားအတွင်း ကဘူးလ်ပြည်နယ် ခရိုင် ၂၂ ခရိုင်အနှံ့မှ ဆင်းရဲချို့တဲ့သော မိသားစုများအား ဆန် ၅၀ ကီလိုဂရမ်အိတ်တစ်အိတ်အပါအဝင် အကူအညီများအား ပေးကမ်းလှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအား လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့မှုအတွက် ကျေးဇူးတင်ကြောင်း ဝန်ကြီး Khalil-ur-Rahman Haqqani က ပြောကြားကာ “ ဒီနေ့မှာ တရုတ်နိုင်ငံက လှူဒါန်းတဲ့ အစားအစာတွေကို ကဘူးလ်ပြည်နယ်အနှံ့က မိသားစု ၃,၀၀၀ အတွက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။လာမယ့်ရက်ပိုင်းအတွင်းမှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပြည်နယ် ၃၄ ပြည်နယ်က ဆင်းရဲတဲ့ မိသားစုတွေကို အစားအစားတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။”ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက လှူဒါန်းသည့် အဝတ်အထည်များ ၊ စောင်များ ၊ ဆန် နှင့် ဂျုံများအပါအဝင် အကူအညီ အသုတ်တစ်သုတ်အား မကြာမီကာလအတွင်း နိုင်ငံအနှံ့ရှိ ဆင်းရဲချို့တဲ့သည့် မိသားစုများအား ဖြန့်ဝေလှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီး Khalil-ur-Rahman Haqqani က မှတ်ချက်ပြုပြောကြားခဲ့သည်။

ဧပြီ ၂၃ ရက်တွင် ကဘူးလ်မြို့၌ မိသားစု ၁,၅၀၀ ကျော်သည် တရုတ်နိုင်ငံက လှူဒါန်းသည့် အကူအညီများအား လက်ခံရရှိခဲ့ကြောင်း သိရသည်။

စစ်ဘေးဒဏ်သင့်အာဖဂန်နစ္စတန်နိုင်ငံသည် ဩဂုတ်လနှောင်းပိုင်းတွင် အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များ ရှုံးနိမ့်သွားပြီး အာဖဂန်နစ္စတန်နိုင်ငံမှ ပြောင်းရွှေ့သွားချိန်မှစတင်ကာ ပြင်းထန်သော စီးပွားရေးပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။အမေရိကန်နိုင်ငံ ဘဏ်များ၌ အာဖဂန်နစ္စတန်နိုင်ငံ၏ အခိုင်အမာပြောဆိုသည့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံကျော်အား အမေရိကန်နိုင်ငံက ထိန်းချုပ်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံ၏ အထိမခံသောစီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရသည် အာဖဂန်နစ္စတန်နိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအနေဖြင့် ယွမ်သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ သန်းခန့်)တန်ဖိုးရှိ အစားအစာ ၊ ဆောင်းရာသီဥတုနှင့်ဆိုင်သော အထောက်အပံ့များ ၊ COVID-19 ကာကွယ်ဆေးများ နှင့် ဆေးဝါးများ ထောက်ပံ့သွားရန် ဆုံးဖြတ်ခဲ့ကြောင်း စက်တင်ဘာလနှောင်းပိုင်းတွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံအား အစားအစာအကူအညီ စုစုပေါင်း တန်ချိန် ၆,၂၂၀ တန် ထောက်ပံ့ထားကြောင်း သိရသည်။ (Xinhua)

…………………………………..
(English Version)
3,000 needy Afghan families receive China-donated assistance
KABUL, April 27 (Xinhua) — A total of 3,000 needy persons on behalf of their families received China-donated humanitarian assistance here in Kabul on Wednesday.
The assistance, which includes a 50 kg bag of rice, is distributed among needy families from across 22 districts of Kabul province in a ceremony attended among others by Minister for Refugees and Repatriation Affairs Khalil-ur-Rahman Haqqani.
Expressing gratitude to China for sending humanitarian assistance, Haqqani told reporters, “Today we distribute China-donated food to 3,000 families from across Kabul and would also distribute the food to needy families in Afghanistan’s 34 provinces in the coming few days.”
Haqqani also noted that a batch of China-donated assistance including clothes, blankets, rice and wheat would be distributed to needy families across the country in the near future.
On Saturday, a total of 1,500 families also received China-donated assistance here in Kabul.
The war-torn Afghanistan has been facing extreme economic problems since the defeat of the U.S.-led forces and their evacuation from Afghanistan last August. Washington has frozen more than 9.5 billion U.S. dollars of Afghanistan’s assets in U.S. banks that further worsened the country’s fragile economy.
The Chinese government announced last September that it has decided to provide food, winter supplies, COVID-19 vaccines, and medicines worth 200 million yuan (about 31.4 million dollars) in emergency humanitarian aid to Afghanistan.
China has provided a total of 6,220 tons of food aid to Afghanistan. Enditem
Photo – People receive food donated by China in Kabul, Afghanistan, April 23, 2022. (Photo by Saifurahman Safi/Xinhua)