Connect with us

China

တရုတ်-အီးယူ ကုန်သွယ်မှု ပထမသုံးလပတ်တွင် ၁၂.၂ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် Shaoxing မြို့တွင် ဥရောပသို့ တင်ပို့မည့် matcha ကို ထုပ်ပိုးနေသည့် အလုပ်သမားတစ်ဦးအား ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) ကြား ကုန်သွယ်မှုမှာ ပထမသုံးလပတ်တွင် အခိုင်အမာ မြင့်တက်လာခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက ဧပြီ ၂၈ ရက်က ပြောကြားခဲ့သည်။

နှစ်ဘက်ကုန်သွယ်မှုသည် ယမန်နှစ်ကထက် ၁၂.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ အမေရိကန်ဒေါ်လာ ၂၀၅.၈၇ ဘီလီယံအထိ ရောက်ရှိလာခဲ့ကြောင်း ကောင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပထမသုံးလပတ်အတွင်း စက်မှုနှင့် လျှပ်စစ်ထုတ်ကုန်များ၊ ပေါ့ပါးသော စက်မှုလုပ်ငန်းဆိုင်ရာ ကုန်စည်များနှင့် နည်းပညာမြင့်မားသော ထုတ်ကုန်များ ကုန်သွယ်မှုမှာ ၁၀ ရာခိုင်နှုန်း၊ ၁၉ ရာခိုင်နှုန်းနှင့် ၃၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အီးယူတို့သည် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများနှင့် လေးနက်သောအခြေခံအုတ်မြစ်ကို မျှဝေလျက်ရှိကြောင်း၊ နှစ်ဘက် စီးပွားရေးသည်လည်း လိုက်ဖက်မှု မြင့်မားလျက်ရှိကြောင်း ကောင်းက ဆိုသည်။

တရုတ်နိုင်ငံနှင့် အီးယူကြား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခြင်းအားဖြင့် နှစ်ဘက်လုံးနှင့် ကမ္ဘာ့စီးပွားရေး နာလန်ထူမှုအတွက် အကျိုးကျေးဇူးရှိကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် အီးယူနှင့်အတူ စက်မှုလုပ်ငန်းဆိုင်ရာနှင့် ထောက်ပံ့ကွင်းဆက်များ တည်ငြိမ်မှု ထိန်းသိမ်းရန်နှင့် နှစ်ဘက်စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်မှုအတွင်းသို့ တွန်းအားသစ်များ ဖြည့်တင်းရန် ကူးစက်ရောဂါကာကွယ်ရေး၊ ဒစ်ဂျစ်တယ်၊ သိပ္ပံနှင့် နည်းပညာ၌ တိုးတက်မှုမောင်းနှင်အားအသစ်များ မြှင့်တင်ရန် အသင့်ရှိကြောင်း ကောင်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(English Version)
China-EU trade rises 12.2 percent in Q1
Source: XinhuaEditor: huaxia2022-04-29 00:16:13
BEIJING, April 28 (Xinhua) — Bilateral trade between China and the European Union (EU) rose robustly in the first quarter, Gao Feng, spokesperson for the Ministry of Commerce, said Thursday.

Bilateral trade jumped 12.2 percent year on year to reach 205.87 billion U.S. dollars, Gao said at a regular press conference.

In the first quarter, bilateral trade in mechanical and electrical products, light industrial goods, and high-tech products climbed 10 percent, 19 percent, and 31 percent, respectively.

China and the EU share broad common interests and a profound foundation for cooperation. The two economies are highly complementary, Gao said.

Deepening bilateral cooperation is beneficial to both sides and the recovery of the world economy, he said.

China is ready to work with the EU to maintain the stability of the industrial and supply chains and foster new growth drivers in epidemic prevention, digital, science, and technology to inject impetus into bilateral economic and trade cooperation development, Gao said. ■
Photo : A worker packs matcha to be exported to Europe in Shaoxing, east China’s Zhejiang Province, April 20, 2022. (Xinhua/Weng Xinyang)