Connect with us

China

ရုရှား-ယူကရိန်း ပဋိပက္ခဆိုင်ရာ အချက်အလက်များ : ယူကရိန်းနိုင်ငံ Borodyanka မြို့သို့ ကုလသမဂ္ဂ အကြီးအကဲ ရောက်ရှိ

ယူကရိန်းနိုင်ငံ ကိဗ်မြို့ အပြင်ဘက် Borodyanka မြို့သို့ သွားရောက်လည်ပတ်နေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (လယ်) အား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Eskinder Debebe/UN Photo/Handout via Xinhua)

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အောက်ဖော်ပြပါ အချက်အလက်များသည် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား ပဋိပက္ခဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဧပြီ ၂၈ ရက်က ကိဗ်မြို့ အပြင်ဘက်ရှိ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသော Borodyanka မြို့သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှုရေးရာဆိုင်ရာ ကုလသမဂ္ဂရုံးက တွစ်တာပေါ်၌ ပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ဧပြီ ၂၆ ရက်က မော်စကိုသို့ သွားရောက်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် ယူကရိန်းသို့ ဧပြီ ၂၇ ရက်က ရောက်ရှိလာခဲ့သည်။

ယူကရိန်းနိုင်ငံရှိ ကုလသမဂ္ဂ ဌာနညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Osnat Lubrani က ဂူတာရက်စ်၏ တောင်းဆိုချက်အရ မာရီယူပိုးလ်မြို့မှ ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးအတွက် နိုင်ငံတောင်ပိုင်း Zaporizhzhia သို့ ဦးတည်ထွက်ခွာလျက်ရှိကြောင်း ပြောကြားခဲ့သည်။
– – – –

ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့မှ မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) သို့ ဝင်ရောက်ရန် လျှောက်ထားမှုများကို စကင်ဒီနေဗီးယားနိုင်ငံများကလည်း ထိုသို့လုပ်ဆောင်ရန် ရွေးချယ်ပါက လျင်မြန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစစ်ဘက်မဟာမိတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

“အကယ်၍ သူတို့က လျှောက်ထားဖို့ ဆုံးဖြတ်မယ်ဆိုရင် ဖင်လန်နဲ့ ဆွီဒင်တို့ကို နေတိုး (NATO) အဖွဲ့က ဝမ်းမြောက်ဝမ်းသာကြိုဆိုမှာပါ။ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံး မိတ်ဖက်တွေပါပဲ” ဟု ဘရပ်ဆဲလ်မြို့ ဥရောပပါလီမန်၌ Stoltenberg က သတင်းထောက်များအား ပြောခဲ့သည်။
ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သည် စစ်ရေးအရ ဘက်မလိုက်ရေးမူဝါဒကို ကာလရှည်ကြာစွာ လိုက်နာခဲ့ကြသည်။

သို့ရာတွင် အဆိုပါ နှစ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ရင်ဆိုင်ရာတွင် ၎င်းတို့၏ ရပ်တည်ချက်များကို ပြောင်းလဲခဲ့ပြီး ယူကရိန်းသို့ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ပေးပို့လျက်ရှိသည်။
– – – –

ယူကရိန်းနိုင်ငံသည် ယူကရိန်း၏ ပဋိပက္ခအလွန် ပြန်လည်နာလန်ထူရာတွင် ငွေကြေးပံ့ပိုးရန် ရုရှားနိုင်ငံ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ဆန္ဒရှိကြောင်း ယူကရိန်း ဝန်ကြီးချုပ် Denys Shmyhal က ဧပြီ ၂၈ ရက်က ပြောခဲ့သည်။

“ရုရှားအစိုးရရဲ့ ရန်ပုံငွေတွေနဲ့ ကြွယ်ဝချမ်းသာသူတွေရဲ့ ရန်ပုံငွေတွေဟာ ကျွန်တော်တို့နိုင်ငံ ပြန်လည်ထူထောင်ရာမှာ ရန်ပုံငွေဖြည့်တင်းဖို့အတွက် အဓိက အရင်းအမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်” ဟု Shmyhal က တွစ်တာပေါ်၌ ရေးသားခဲ့သည်။

ယူကရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားသော G7 အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးပြောဆိုလျက်ရှိကြောင်း၊ ကနေဒါနိုင်ငံက ထိုသို့ဆောင်ရွက်မှုများအတွက် ဥပဒေကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း Shmyhal က ဖြည့်စွက်ပြောခဲ့သည်။
– – – –

ယူကရိန်းနှင့် ရုရှားတို့သည် ပဋိပက္ခစတင်ဖြစ်ပွားချိန်ကတည်းက သတ္တမအကြိမ်မြောက် အကျဉ်းသားလဲလှယ်ခြင်းကို ဧပြီ ၂၈ ရက်က ပြုလုပ်ခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ပြောခဲ့သည်။

ရုရှား စစ်တပ်မှ ထိန်းသိမ်းထား‌သော အရပ်သား ၁၂ ဦး အပါအဝင် လူပေါင်း ၄၅ ဦးကို လွှတ်ပေးခဲ့ကြောင်း Vereshchuk က တယ်လီဂရမ်၌ ပြောကြားထားသည်။

အဆိုပါ အကျဉ်းသားလဲလှယ်ရေးအစီစဉ်အရ ယူကရိန်း အကျဉ်းသား ၃၃ ဦး လွတ်မြောက်ခဲ့ပြီး ၎င်းတို့မှာ အရာရှိ ၁၃ ဦးနှင့် စစ်သား ၂၀ ဦးတို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
– – – –

ပါလီမန် အောက်လွှတ်တော် German Bundestag က ယူကရိန်းနိုင်ငံအား လက်နက်ကြီးများ ပေးပို့ရန် ခွင့်ပြုပေးမည့် “ယူကရိန်းအတွက် ဘက်စုံပံ့ပိုးကူညီမှု” ပေးအပ်ရန် ဧပြီ ၂၈ ရက်က မဲခွဲဆုံးဖြတ်ခဲ့သည်။

ဆန္ဒမဲ ၅၈၆ မဲအနက် ထောက်ခံမဲ ၁၀၀ ဖြင့် ယင်းအဆိုပြုချက်ဖြင့် ယူကရိန်းနိုင်ငံအား “လက်နက်ကြီးများနှင့် ဆက်စပ်သောစနစ်များ အပါအဝင် ထိထိရောက်ရောက် ထောက်ပံ့ခြင်း” ကို ခွင့်ပြုလိုက်ကြောင်း၊ လွှဲပြောင်းပေးပို့မှုများကိုလည်း အရှိန်မြှင့်တင်သွားဖွယ်ရှိကြောင်း သိရသည်။

သို့ရာတွင် ဂျာမနီအစိုးရက “ရုရှား ခေါင်းဆောင်ပိုင်းနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုများ ရရှိရေးအတွက် ယူကရိန်းအစိုးရနှင့် ကြိုးပမ်းအားထုတ်မှုများ အားလုံး ပံ့ပိုးကူညီရန်” လည်း တိုက်တွန်းခဲ့ကြောင်း Bundestag ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………………
(English Version)
Facts about Russia-Ukraine conflict: UN chief visits Ukraine’s Borodyanka town
BEIJING, April 29 (Xinhua) — The following are the latest developments regarding the conflict between Russia and Ukraine:
United Nations Secretary-General Antonio Guterres on Thursday visited the town of Borodyanka outside Kiev, which was affected by the Russia-Ukraine conflict, the UN Office for the Coordination of Humanitarian Affairs said on Twitter.
Guterres arrived in Ukraine on Wednesday for talks with Ukrainian President Volodymyr Zelensky, after visiting Moscow on Tuesday.
Osnat Lubrani, the UN resident coordinator and humanitarian coordinator in Ukraine, said Thursday that she was heading to the Zaporizhzhia city in southern Ukraine to prepare for an evacuation from Mariupol at the request of Guterres.
– – – –
The applications by Finland and Sweden to join the North Atlantic Treaty Organization (NATO) will be processed quickly should the Scandinavian countries choose to do so, the military alliance’s Secretary General, Jens Stoltenberg, said on Thursday.
“If they decide to apply, Finland and Sweden will be welcomed with open arms to NATO. Finland and Sweden are our closest partners,” Stoltenberg told reporters at the European Parliament in Brussels.
Both Finland and Sweden have long pursued a policy of military non-alignment.
But the two countries have made some changes in their positions in face of the Russia-Ukraine conflict, delivering weapons and ammunition to Ukraine.
– – – –
Kiev is willing to seize Russian assets to finance Ukraine’s post-conflict recovery, Ukrainian Prime Minister Denys Shmyhal said on Thursday.
“The funds of the Russian government and oligarchs will be one of the main sources for filling the Fund for the Reconstruction of our country,” Shmyhal wrote on Telegram.
Ukraine is in talks with the countries of the Group of Seven over the seizure of Russia’s assets, Shmyhal said, adding that Canada has already prepared legislation for such actions.
– – – –
Ukraine and Russia on Thursday conducted their seventh prisoner exchange since the start of the conflict, Ukrainian Deputy Prime Minister Iryna Vereshchuk said.
Forty-five people, including twelve civilians held by the Russian forces, were released as the result of the swap, Vereshchuk said on Telegram.
Out of the thirty-three Ukrainian troops released under the swap, there were 13 officers and 20 soldiers, she said.
– – – –
The German Bundestag, lower house of Parliament, on Thursday voted to provide “comprehensive support for Ukraine,” allowing the delivery of heavy weapons to the country.
A corresponding proposal, which was passed by a vote of 586 to 100, allows the “supply of effective, including heavy, weapons and complex systems” to Ukraine. Deliveries were also to be accelerated.
However, Germany’s government was also urged to “support all efforts by the Ukrainian government to reach a cease-fire in direct negotiations with the Russian leadership,” according to a Bundestag statement. Enditem
Photo : United Nations Secretary-General Antonio Guterres (C) visits the town of Borodyanka outside Kiev, Ukraine, April 28, 2022. (Eskinder Debebe/UN Photo/Handout via Xinhua)