Connect with us

Europe

နော်ဝေ၊ ဂရင်းလန်း၊ အိုင်ယာလန်၊ Faroe Islands မှ လူသိများထင်ရှားသောပုဂ္ဂိုလ်များ ကို ရုရှားက ပြည်ဝင်ခွင့်ပိတ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့တွင် လမ်းဖြတ်ကူးနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက လက်တုံ့ပြန်သောအားဖြင့် အိုက်စ်လန်းမှ လူပုဂ္ဂိုလ် ၉ ဦး၊ ဂရင်းလန်းမှ ၃ ဦး၊ Faroe Islands မှ ၃ ဦးနှင့် နော်ဝေမှ ၁၆ ဦးတို့အား ပြည်ဝင်ခွင့်ပိတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၉ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အိုင်ယာလန်၊ နော်ဝေ၊ ဂရင်းလန်နှင့် Faroe Islands တို့က ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ၌ ပါဝင်ခြင်းကို တုံ့ပြန်သောအားဖြင့် ထိုသို့တန်ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

လွှတ်တော်ကိုယ်စာလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းများ၊ မီဒီယာနှင့် “ရုရှား ဆန့်ကျင်ရေးလှုံ့ဆော်ပြောဆိုခဲ့ပြီး ရုရှားဆန့်ကျင်ရေး မူဝါဒများ အကောင်အထည်ဖော်ရာတွင် ပါဝင်လျက်ရှိသော ပညာရှင်များအပြင် လူသိများထင်ရှားသောပုဂ္ဂိုလ် အမြောက်အများနှင့် ဆက်သွယ်မှုများကို အပြန်အလှန်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

အဆိုပါ လူပုဂ္ဂိုလ်များအား ရုရှားနိုင်ငံ၏ ရပ်ဆိုင်းစာရင်းတွင် ဖြည့်စွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း ဝင်ရောက်ခြင်းမှ တားမြစ်လိုက်ကြောင်း သိရသည်။ (Xinhua)

……………………………………………..
(English Version)

Moscow bars entry for public figures from Norway, Greenland, Ireland, Faroe Islands

MOSCOW, April 29 (Xinhua) — Russia has barred entry to the country for nine individuals from Iceland, three from Greenland, three from the Faroe Islands and 16 from Norway in a retaliatory move, the country’s foreign ministry said in a statement Friday.
The countermeasures were taken in response to the decisions made by Iceland, Norway, and the Danish autonomies of Greenland and the Faroe Islands to join the European Union’s sanctions against Russia, the ministry said.
The reciprocal measures were taken in relation to a number of parliamentarians, government members, business, media, and academic representatives as well as public figures, who have actively “promoted anti-Russian rhetoric,” and have participated in the implementation of anti-Russian policies, it added.
The individuals will be added to Russia’s stop-list, and prohibited from entering the country. Enditem
Photo : People cross the road in front of the Ministry of Foreign Affairs of Russia in Moscow, on April 16, 2021. (Xinhua/Evgeny Sinitsyn)