Connect with us

Politics, Law & Military

“တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒက ဟောင်ကောင်၏ ငွေကြေးကဏ္ဍ အနာဂတ်အတွက် အရေးပါကြောင်း HKEX အမှုဆောင်အရာရှိချုပ်ပြော

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ နိုင်ငံတကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးစင်တာအား ၂၀၂၂ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ဟောင်ကောင်တွင် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ကျင့်သုံးမှုသည် ၎င်း၏ငွေကြေးကဏ္ဍအနာဂတ်အတွက် အရေးပါကြောင်း တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးအား ဦးစားပေးမဟာဗျူဟာ ချိတ်ဆက်ပေးလျက်ရှိသော Hong Kong Exchanges and Clearing Limited (HKEX) ၏ အမှုဆောင်အရာရှိချုပ် Nicolas Aguzin က ပြောကြားခဲ့သည်။ဟောင်ကောင်သည် တရုတ်ပြည်မကြီးနှင့် ကမ္ဘာကြီး၏အခြားသောနိုင်ငံများကြား အရေးပါ၍ တန်ဖိုးရှိသော စူပါချိတ်ဆက်သူအဖြစ် ပါဝင်လျက်ရှိသဖြင့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ကျင့်သုံးမှုသည် ပြိုင်ဘက်ကင်း ဂေဟစနစ်တစ်ခုကို ဖန်းတီးပေးလျက်ရှိကြောင်း Aguzin က ဆင်ဟွာနှင့် တွေ့ဆုံမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Tsim Sha Tsui ခရိုင်တွင် မီးအလှဆင်ထားသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ဟောင်ကောင်ဟာ နှစ်ပေါင်းများစွာကြာ အရှေ့နဲ့အနောက်ကြား ကြားခံဆက်သွယ်ပေးလျက်ရှိပြီး အမိမြေနှင့် ထိစပ်နေခြင်း၊ အရည်အသွေးပြည့်ဝတဲ့ စုပေါင်းမှုများ နက်ရှိုင်းခြင်း၊ အခြေခံအဆောက်အအုံ ကြံ့ခိုင်ခြင်း၊ နိုင်ငံတကာအဆင့်မီတဲ့ စည်းမျဉ်းစည်းကမ်းစနစ်များနဲ့ ကျင့်သုံးမှုရှိခြင်း၊ ငွေကြေးအရင်းအနှီးနဲ့ ပွင့်လင်းမြင်သာမှု၊ တံခါးဖွင့်လှစ်မှုနှင့် ကမ္ဘာ့အဆင့်မီဈေးကွက်များ လွတ်လပ်စွာစီးဆင်းခြင်း စတာတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါသော အချက်အချာတစ်ခုလည်း ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

Aguzin သည် ဧပြီလက ပေကျင်းနှင့် ဆန်းကျန့် အပါအဝင် ပြည်မကြီးရှိ မြို့များ၌ အများဆုံး နေထိုင်ခဲ့သည်။“ကျွန်တော် စတော့ခ်အိတ်ချိန်း၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူမြောက်များစွာနဲ့ အချိန်ကုန်ခဲ့ပါတယ်။ ဟောင်ကောင်က နိုင်ငံတကာငွေကြေးစင်တာတစ်ခုအဖြစ် ဆက်လက်ကျန်ရှိနေနိုင်တဲ့ ဘုံရည်မှန်းချက်ကို ကျွန်တော်တို့တွေ ဘယ်လိုမြင်တွေ့နိုင်သလဲဆိုတာ သိရတဲ့အတွက် အရမ်းကို ကောင်းမွန်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Hong Kong Exchanges and Clearing Limited (HKEX) ရင်ပြင်ရှိ ရုပ်တုများအား ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ နယူးယောက်စီးတီးနှင့် လန်ဒန် စသည်တို့ကို ကမ္ဘာပေါ်တွင် ထိပ်တန်း ငွေကြေးဗဟိုပြုနေရာ သုံးခုကို အတိုကောက်ဖြစ်သော “Nylonkong” အဖြစ် လူသိများကြသည်။ British think tank Z/Yen Group နှင့် ဆန်းကျန့်မြို့ရှိ China Development Institute တို့က ထုတ်ဝေသော Global Financial Centers Index ၏ နောက်ဆုံးဖော်ပြချက်အရ ဟောင်ကောင်သည် အလုံးစုံခြုံငုံဖော်ပြသောအဆင့်သတ်မှတ်ချက်တွင် တတိယနေရာတွင် ဆက်လက်ရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် နံနက်ခင်းမီးအလှဆင်ထားသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

HKEX သည် မဟာဗျူဟာထောက်တိုင် ၃ ရပ် ထူထောင်ရေးရူပါရုံကို ထုတ်ပြန်မည်ဖြစ်ကြောင်း မတ်လက ကြေညာခဲ့သည်။ ၎င်းတို့မှာ တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးကို ချိတ်ဆက်ခြင်း၊ အခွင်အလမ်းများနှင့်အတူ ငွေကြေးအရင်းအနှီးကို ချိတ်ဆက်ခြင်းနှင့် မျက်မှောက်ခေတ်နှင့် အနာဂတ်ကို ချိတ်ဆက်ခြင်း စသည်တို့ဖြစ်သည်။

“ဒါဟာ အင်မတန်အရေးကြီးပါတယ်။ ဟောင်ကောင်က တက်ကြွမှုရှိပြီး ကမ္ဘာကြီးကို တရုတ်နိုင်ငံနဲ့ ချိတ်ဆက်ပေးရေး အထောက်အကူဖြစ်စေဖို့ ခင်ဗျားတို့က လုပ်ချင်ကြတာဆိုတော့လေ။ ပိုပြီးချိတ်ဆက်မှုရှိလေ၊ ပိုကောင်းလေပါပဲ” ဟု Aguzin က ဆိုသည်။

တရုတ်နိုင်ငံ၏ အင်အားကို အတုယူတည်ဆောက်ခြင်းဖြင့် HKEX သည် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများထံ ဆောင်ကြဉ်းပေးခြင်းနှင့် တရုတ်နိုင်ငံ၏ ငွေကြေးထံ ကမ္ဘာ့အခွင့်အလမ်းများ ဝင်ရောက်လာရေးအတွက် အထောက်အကူပြုခြင်း စသည်တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့က အင်မတန်ကို ပြိုင်ဘက်ကင်းတဲ့ အနေအထားပါပဲ။ ကျွန်တော်တို့မှာ အလွန်လျင်မြန်စွာ တိုးတက်နေတဲ့ ဈေးကွက်တစ်ခုရှိနေသလို တစ်ချိန်တည်းမှာပဲ ဒီကနေ့ ကျွန်တော်တို့မှာ ငွေကြေးအရင်းအနှီး လွတ်လပ်စွာ စီးဆင်းနိုင်တဲ့အခြေအနေနဲ့ နှစ်ပေါင်းများစွာ လည်ပတ်နေတဲ့ အဖွဲ့အစည်းတွေလည်း ဟောင်ကောင်မှာ ရှိနေပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ “ကျွန်တော်တို့ ပြည်မကြီးက တာဝန်ရှိသူများနဲ့ ကြီးမားကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံမှုရှိပြီးတော့ ဒါက ကျွန်တော်တို့ကို အပြန်အလှန်ဆက်ဆံရေးအတွက် အလွန်ပဲ လွယ်ကူစေပါတယ်”

Aguzin သည် J.P. Morgan ၏ International Private Bank ၏ အမှုဆောင်အရာရှိချုပ်လုပ်ကိုင်နေရာမှ HKEX ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ယမန်နှစ် မေ ၂၄ ရက်က ပါဝင်ချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်မှစ၍ ဟောင်ကောင်တွင် အခြေစိုက်နေထိုင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၂၅ နှစ်အတွင်း ဟောင်ကောင်သည် အာရှ၏ တက်ကြွမှုအရှိဆုံးဈေးကွက်ဖြစ်လာခဲ့ပြီး ဦးဆောင် နိုင်ငံတကာငွေကြေးဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေသည်။ HKEX ၏ ဈေးကွက်များသည် တရုတ်နိုင်ငံ၏ စီးပွားရေးမြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့ငွေကြေးဗဟိုစင်တာအဖြစ် ဟောင်ကောင်၏ နောက်ထပ်တိုးတက်မှုကို ရောင်ပြန်ဟပ်လျက်ရှိသည်။

ဟောင်ကောင် စတော့ခ်ဈေးကွက်၏ ဈေးကွက်စွမ်းဆောင်နိုင်အားသည် ၁၉၉၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟောင်ကောင်ဒေါ်လာ ၃.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၀၇.၈ ဘီလီယံ) ရှိရာမှ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ဟောင်ကောင်ဒေါ်လာ ၄၂.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၃၇ ထရီလီယံ) အထိ တိုးတက်လာခဲ့ကြောင်း စတော့ခ်ရှယ်ယာရောင်းဝယ်ရေးဌာန၏ အချက်အလက်များ၌ ဖော်ပြထားသည်။

HKEX ၏ ငွေကြေးဈေးကွက်ရှိ နေ့စဉ် ပျမ်းမျှအနုတ်အသိမ်းမှာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက ဟောင်ကောင်ဒေါ်လာ ၁၆၆.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၂၅ ဘီလီယံ) အထိ ရောက်ရှိခဲ့ပြီး ၁၉၉၇ ခုနှစ်ကမူ ဟောင်ကောင်ဒေါ်လာ ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၁ ဘီလီယံ) ရှိခဲ့ကြောင်း သိရသည်။

ဟောင်ကောင်သည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝန်း ထိပ်တန်း ကနဦးရှယ်ယာထုတ်ဝေရောင်းချမှု (IPO) နေရာများအနက် တစ်ခုဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော စာရင်းဝင်ခြင်းပြုပြင်ပြောင်းလဲမှုများက ဟောင်ကောင်အား အဓိကဈေးကွက်နေရာအသစ်အဖြစ်သို့ တွန်းပို့ပေးနိုင်ခဲ့သလို အထူးသဖြင့် အာရှ၏ အကြီးဆုံးနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး ဇီဝနည်းပညာမြို့တော် အချက်အချာအဖြစ် မြှင့်တင်ပေးလျက်ရှိသည်။

ရှေ့ဆက်ပြီး ဟောင်ကောင်သည် ပြည်မကြီးနှင့် ကမ္ဘာကြီး၏ ကျန်ရှိသောနိုင်ငံများကြား ချိတ်ဆက်ပေးသူအဖြစ် ပြိုင်ဘက်ကင်းအနေအထားကို ဆက်လက်တိုးချဲ့ရန် အရေးပါနေမည်ဟု ယုံကြည်ကြောင်း Aguzin က ပြောခဲ့သည်။

“တရုတ်နိုင်ငံရဲ့ ဆက်လက်တိုးတက်နေမှုနဲ့ ဟောင်ကောင်ရဲ့ ဆက်လက် ပြိုင်ဘက်ကင်းအနေအထားတွေက ဒေသတွင်း ငွေကြေးရင်းနှီးမြှုပ်နှံမှုဈေးကွက်တွေနဲ့ အနာဂတ်ကုမ္ပဏီတွေရဲ့ ရှေ့ဆက်တိုးတက်မှုကို ပံ့ပိုးပေးနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ အင်မတန်ယုံကြည်စိတ်ချမှုရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

————————-
(English Version)

“One country, two systems” crucial to future of Hong Kong’s financial sector, says HKEX CEO
Xinhua
Published: 5 hours ago
Updated: 4 hours ago
HONG KONG, June 29 (Xinhua) — The practice of “one country, two systems” in Hong Kong is critical to the future of its financial sector, said Nicolas Aguzin, chief executive officer of the Hong Kong Exchanges and Clearing Limited (HKEX) which has made connecting China and the world a prioritized strategy.

The practice of “one country, two systems” has created a unique ecosystem whereby Hong Kong has evolved into a vital and valuable super connector between the Chinese mainland and the rest of the world, Aguzin said in an interview with Xinhua.

“For years, Hong Kong has been a conduit between East and West, a vital global hub supported by its proximity to the mainland, deep talent pools, robust infrastructure, internationally-aligned regulatory regimes and practices, free flow of capital and transparent, open and globalized markets,” he said.

Aguzin spent most of April in mainland cities including Beijing and Shenzhen.

“I spent time with stock exchanges, regulators, and a lot of people. It was excellent to see how we have really a common objective of making sure that Hong Kong remains as an international financial center,” he said.
Hong Kong, New York City and London are collectively known as “Nylonkong,” an acronym of the top three financial centers in the world. In the latest edition of the Global Financial Centers Index published by British think tank Z/Yen Group and China Development Institute in Shenzhen, Hong Kong maintained its third place in overall ranking.

In March, HKEX announced that it will deliver on its vision by building on three strategic pillars: connecting China and the world, connecting capital with opportunities, and connecting today with tomorrow.

“It’s very important. You want to make sure that Hong Kong is vibrant and it helps connect the world with China,” Aguzin said. “The more connectivity, the better.”

Building on its unique China strength, HKEX will continue to both bring the China growth story to international investors and help Chinese capital access global opportunities.

“We are in a very unique position. We have a market that is growing very fast, and at the same time in Hong Kong, we have today a situation where you have a free flow of capital and you have institutions that have been operating here for so many years,” he noted. “We have a great partnership with a lot of stakeholders in the mainland that allows us to have this very easy interaction.”
Aguzin joined HKEX as its CEO on May 24 last year from J.P. Morgan, where he was most recently CEO of J.P. Morgan’s International Private Bank. He has been based in Hong Kong since 2012.

Over the past 25 years, Hong Kong has become Asia’s most vibrant market and remained a leading international finance center. HKEX’s markets reflect Hong Kong’s further growth as a global financial center with China’s economic rise.

The market cap of Hong Kong’s stock markets has grown from 3.2 trillion Hong Kong dollars (407.8 billion U.S. dollars) at the end of 1997 to 42.1 trillion Hong Kong dollars (5.37 trillion U.S. dollars) at the end of 2021, data from the bourse showed.

Average daily turnover on HKEX’s cash market reached 166.7 billion Hong Kong dollars (21.25 billion U.S. dollars) at the end of 2021, compared with 15 billion Hong Kong dollars (1.91 billion U.S. dollars) in 1997.
Hong Kong has been one of the top initial public offering (IPO) venues globally for much of the last decade. The listing reforms in 2018 have propelled Hong Kong to become a major new economy marketplace, and in particular, Asia’s largest and the world’s second-largest biotech capital raising hub.

Looking ahead, Aguzin said he believes it is crucial that Hong Kong continues to expand its unique position as a connector between the mainland and the rest of the world.

“I am very optimistic about both China’s continued growth and Hong Kong’s continued unique position supporting the ongoing growth of the region’s capital markets and the companies of tomorrow. I am convinced the best years are ahead of us,” he said.
Photo 1 : Aerial photo taken on May 29, 2022, shows a view of the International Commerce Centre (ICC) in south China’s Hong Kong. (Xinhua/Li Gang)
Photo 2 : Photo taken on June 25, 2022, shows a light show in Tsim Sha Tsui, south China’s Hong Kong. (Xinhua/Wang Shen)
Photo 3 : Photo taken on July 31, 2021, shows the statues on the square of Hong Kong Exchanges and Clearing Limited (HKEX) in south China’s Hong Kong. (Xinhua/Wu Xiaochu)
Photo 4 : Photo taken on June 23, 2022 shows the morning light at the Victoria Harbor in Hong Kong, south China. (Xinhua/Lui Siu Wai)