Connect with us

Eastern Europe

ယူကရိန်း နှင့် ရုရှား ပဋိပက္ခစတင်ချိန်မှစ၍ အကြီးဆုံးအကျဉ်းသားလဲလှယ်မှု ပြုလုပ်

ယူကရိန်းနိုင်ငံ Kharkov မြို့အတွင်း ပျက်စီးနေသည့် အဆောက်အအုံနှင့် မော်တော်ယာဉ်အား ဇွန် ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ဖေဖော်ဝါရီ ၂၄ ရက် ပဋိပက္ခစတင်ချိန်မှစ၍ အကြီးဆုံး အကျဉ်းသားလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပင်မထောက်လှမ်းရေးဦးစီးဌာနက ဇွန် ၂၉ ရက်တွင် တယ်လီဂရမ်ပေါ်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။အဆိုပါလဲလှယ်မှုရလဒ်ကြောင့် အသက် ၁၉ နှစ်နှင့် ၆၅ နှစ်အရွယ်ရှိ ယူကရိန်းနိုင်ငံသား ၁၄၄ ဦးမှာ နေအိမ်သို့ ပြန်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း ဌာနက ပြောကြားခဲ့သည်။

ယင်းလဲလှယ်မှုအရ မာရီယူပိုးလ်မြို့ Azovstal သံမဏိစက်ရုံအတွက် တွန်းလှန်တိုက်ခိုက်ခဲ့သည့် Azov တပ်ရင်းမှ ၄၃ ဦး အပါအဝင် ယူကရိန်းနိုင်ငံ အမျိုးသားအစောင့်တပ်ဖွဲ့၏ စစ်သား ၅၉ ဦးအား ရုရှားနိုင်ငံက လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြန်လွှတ်ပေးလိုက်သည့် ယူကရိန်းနိုင်ငံသားအများစုတွင် ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ပထမဆုံးအကျဉ်းသားလဲလှယ်မှုကို မတ် ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————-
(English Version)

Ukraine, Russia carry out largest prisoner exchange since conflict start
Source: Xinhua Editor: huaxia 2022-06-30 07:22:15
Ukraine and Russia conducted their first prisoner exchange on March 24.
KIEV, June 29 (Xinhua) — Ukraine and Russia carried out their largest prisoner exchange since the start of the conflict on Feb. 24, the Main Intelligence Directorate of Ukraine’s Defense Ministry said Wednesday in a statement on Telegram.
The agency said 144 Ukrainians aged 19 and 65 years returned home as a result of the exchange.
According to the statement, under the swap, Russia released 59 soldiers of the National Guard of Ukraine, including 43 from the Azov regiment which fought for Mariupol’s Azovstal steel plant.
Most of the released Ukrainians have severe injuries, it said.
Ukraine and Russia conducted their first prisoner exchange on March 24. ■
Photo – Photo taken on June 2, 2022 shows damaged building and vehicle in Kharkov, Ukraine. (Photo by Peter Druk/Xinhua)