Connect with us

China

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ် ဂြိုဟ်တုအုပ်စုသစ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် အဝေးထိန်းအာရုံခံစနစ် ဂြိုဟ်တုအုပ်စုသစ်အား လွှတ်တင်ခဲ့သည်ကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှီးချန်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံ ဂြိုဟ်တုအုပ်စုသစ်အား ဇူလိုင် ၂၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့သည်။

အဆိုပါဂြိုဟ်တုများသည် Yaogan-35 မိသားစု၏ တတိယအုပ်စုဖြစ်ပြီး ပေကျင်းစံတော်ချိန် ည ၉ နာရီ ၂၈ မိနစ် တွင် Long March-2D ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် ပစ်လွှတ်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဂြိုဟ်တုများကို သိပ္ပံနည်းကျ စမ်းသပ်မှုများပြုလုပ်ခြင်း၊ မြေယာသယံဇာတ အရင်းအမြစ် စစ်တမ်းကောက်ယူခြင်း၊ လယ်ယာ အထွက်နှုန်းခန့်မှန်းခြင်းနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်လျှော့ချရေးတို့အတွက် အဓိကအသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ဂြိုဟ်တုလွှတ်တင်မှုသည် Long March စီရီး ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံများ၏ ၄၂၉ ကြိမ်မြောက် မစ်ရှင်ဖြစ်သည်။

တရုတ်နိုင်ငံသည် Yaogan-35 ဂြိုဟ်တု၏ ပထမနှင့်ဒုတိယအုပ်စုကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင်လည်းကောင်း ၊ ၂၀၂၂ ခုနှစ် ဇွန် ၂၃ ရက်တွင် လည်းကောင်း အသီးသီး လွှတ်တင်ခဲ့သည်။ (Xinhua)

……………………………

(English Version)

China launches new group of remote sensing satellites
Source: Xinhua Editor: huaxia 2022-07-29 23:18:01

A new group of remote sensing satellites are launched from the Xichang Satellite Launch Center in southwest China’s Sichuan Province, July 29, 2022. (Photo by Qiu Lijun/Xinhua)
XICHANG, July 29 (Xinhua) — China successfully launched a new group of remote sensing satellites from the Xichang Satellite Launch Center in southwest China’s Sichuan Province Friday.
The satellites were launched as the third group of the Yaogan-35 family at 9:28 p.m. (Beijing Time) by a Long March-2D carrier rocket and entered the planned orbit successfully.
The satellites will be mainly used to conduct scientific experiments, land resource surveys, agricultural product yield estimation, and disaster prevention and reduction.
This launch marked the 429th mission for the Long March series carrier rockets.
China launched the first and second groups of Yaogan-35 satellites on Nov. 6 of 2021 and June 23 of 2022 respectively. ■

China successfully launched a new group of remote sensing satellites from the Xichang Satellite Launch Center in southwest China’s Sichuan Province Friday xhtxs.cn/x19