Connect with us

Asia

တရုတ်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးဝါးအကူအညီ ပထမအသုတ် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇွန် ၃ ရက်တွင် ပြုလုပ်သော တရုတ်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးဝါးအကူအညီများ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည့် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် နှင့် သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးတို့အား တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးဝါးအကူအညီ ပထမအသုတ်သည် သီရိလင်္ကာနိုင်ငံ Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံက ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် စိန်ခေါ်မှုများအား ဖြစ်နိုင်သမျှလမ်းကြောင်းများမှတစ်ဆင့် အပြည့်အဝဆက်စပ်ကာ ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းအတွင်းမှ အကူအညီများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း တရုတ်သံအမတ်ကြီး Qi Zhenhong က ဇွန် ၃ ရက် ညပိုင်းတွင် ပြုလုပ်သော လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ပေးအပ်ခဲ့သည့် ဆေးဝါးအကူအညီများအား ကြိုဆိုကျေးဇူးတင်ကြောင်း ပြောကြားကာ သီရိလင်္ကာ ကျန်းမာရေးဝန်ကြီး Keheliya Rambukwella က တရုတ်အစိုးရ နှင့် ပြည်သူများသည် သီရိလင်္ကာနိုင်ငံအား အခက်ခဲဆုံးအချိန်များအတွင်း ကူညီရန် အမြဲတမ်း ရှေ့သို့ ရောက်ရှိလာကြောင်း ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် သီရိလင်္ကာနိုင်ငံ၏ လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများအား ကူညီဖြေရှင်းပေးရန် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် ယခုအခါတွင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းမြင့်တက်ခြင်း ၊ လောင်စာဆီ နှင့် အခြားမရှိမဖြစ်လိုအပ်သောထောက်ပံ့ရေးပစ္စည်းများ ပြတ်တောက်မှု အပြင် ငွေကြေးဖောင်းပွမှုများ မြင့်တက်ခြင်းတို့ကြောင့် ပြင်းထန်သောစီးပွားရေး အကျပ်အတည်းကြားထဲတွင် ရှိနေကြောင်း သိရသည်။ (Xinhua)

#China #SriLanka #emergency #humanitarian #medicine #assistance #တရုတ်နိုင်ငံ #သီရိလင်္ကာနိုင်ငံ #အရေးပေါ် #လူသားချင်းစာနာထောက်ထားမှု #ဆေးဝါး #အကူအညီ #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
—————————-
(English Version)

1st batch of Chinese emergency humanitarian medicine aid arrives in Sri Lanka
Chinese Ambassador to Sri Lanka Qi Zhenhong (2nd R) and Sri Lankan Minister of Health Keheliya Rambukwella (2nd L) attend the handover ceremony of Chinese emergency humanitarian medicine aid at Bandaranaike International Airport in Colombo, Sri Lanka, June 3, 2022. (Xinhua/Tang Lu)
COLOMBO, June 5 (Xinhua) — The first batch of Chinese emergency humanitarian medicine aid has arrived at Sri Lanka’s Bandaranaike International Airport.
China fully relates to the difficulties and challenges faced by Sri Lanka and will continue to provide assistance within its capacity through all possible channels, said Chinese Ambassador Qi Zhenhong at the handover ceremony on Friday night.
Appreciating the medicine aid provided by China, Sri Lankan Minister of Health Keheliya Rambukwella said the Chinese government and people always come forward to assist Sri Lanka during the most challenging times.
The Chinese government has decided to provide emergency humanitarian assistance to Sri Lanka to help the country cope with the current difficulties, a spokesperson for China International Development Cooperation Agency said on April 19.
Sri Lanka is presently in the midst of a severe economic crisis featuring shortages of foreign exchange, fuel and other essential supplies, as well as rising inflation. ■
Photo – Chinese Ambassador to Sri Lanka Qi Zhenhong (2nd R) and Sri Lankan Minister of Health Keheliya Rambukwella (2nd L) attend the handover ceremony of Chinese emergency humanitarian medicine aid at Bandaranaike International Airport in Colombo, Sri Lanka, June 3, 2022. (Xinhua/Tang Lu)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.