Connect with us

Science & Technology

တရုတ်နိုင်ငံက အာကာသစခန်းမစ်ရှင်အတွက် Shenzhou-14 ယာဉ်မှူးများအား ထုတ်ဖော်ပြသ

Shenzhou-14 အာကာသပျံသန်းမှုမစ်ရှင်ကို ထမ်းဆောင်ကြမည့် တရုတ်အာကာသယာဉ်မှူး ချန်တုန်း ၊ လျိုရန် နှင့် ချိုက်ရွှိကျယ်တို့အား တွေ့ရစဉ်(ဆင်ဟွာ)

ကျိုချွမ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်အာကာသယာဉ်မှူးများ ဖြစ်ကြသည့် ချန်တုန်း ၊ လျိုရန် နှင့် ချိုက်ရွှိကျယ်တို့သည် Shenzhou-14 အာကာသပျံသန်းမှုမစ်ရှင်ကို ထမ်းဆောင်ကြမည် ဖြစ်ပြီး အာကာသယာဉ်မှူး ချန်တုန်းက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA)က ဇွန် ၄ ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။အာကာသယာဉ်မှူး ချန်တုန်းသည် Shenzhou-11 အာကာသပျံသန်းမှုမစ်ရှင်တွင် တစ်ကြိမ် ပါဝင်ခဲ့သူ ဖြစ်ပြီး ၊ လျိုရန်သည် Shenzhou-9 အဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်ကြောင်း နှင့် ချိုက်ရွှိကျယ်သည် အာကာသသို့ သွားရောက်မည့် လူသစ်ဖြစ်ကြောင်း CMSA ၏ လက်ထောက်ညွှန်ကြားရေးမှူး Lin Xiqiang က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်အာကာသယာဉ်မှူးသုံးဦးသည် ၆ လအကြာ ဂြိုဟ်ပတ်လမ်းအတွင်း နေထိုင်သွားကြမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Shenzhou-14 အမှုထမ်းလိုက်ပါသည့် အာကာသယာဉ်အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် အာကာသလွှတ်တင်ရေးစင်တာမှ ဇွန် ၅ ရက် ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၄၄ မိနစ်ဝန်းကျင်၌ Long March-2F သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

Shenzhou-14 မစ်ရှင်သည် Wentian နှင့် Mengtian လက်တွေ့စမ်းသပ်ခန်းမော်ဂျူးများ နှင့် Tianhe အဓိကမော်ဂျူးတို့ ပါရှိသည့် အခြေခံ မော်ဂျူးသုံးခု ဖွဲ့စည်းတည်ဆောက်မှုဖြင့် Tiangong အာကာသစခန်း တည်ဆောက်ရေးအား အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်အာကာသယာဉ်မှူးများသည် ဂြိုဟ်ပတ်လမ်းအတွင်း ရှိနေစဉ်အတွင်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူးနှစ်ခု ၊ Tianhe အဓိကမော်ဂျူးထံတွင် ဆိုက်ကပ်ထားသည့် Tianzhou-5 ကုန်တင်ယာဉ် နှင့် Shenzhou-15 အမှုထမ်းလိုက်ပါသည့် အာကာသယာဉ်တို့အား တွေ့ကြုံရမည် ဖြစ်သည်။ ၎င်းတို့သည် ဂြိုဟ်ပတ်လမ်းအတွင်း Shenzhou-15 ယာဉ်မှူးများဖြင့် အလှည့်ကျ ပြုလုပ်ကာ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ Dongfeng ဆင်းသက်သည့်နေရာသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)

China unveils Shenzhou-14 crew for space station mission

JIUQUAN, June 4 (Xinhua) — Chinese astronauts Chen Dong, Liu Yang and Cai Xuzhe will carry out the Shenzhou-14 spaceflight mission, and Chen will be the commander, announced the China Manned Space Agency (CMSA) at a press conference Saturday.

Chen once participated in the Shenzhou-11 crewed spaceflight mission and Liu the Shenzhou-9 mission, and Cai is a newcomer to space, said Lin Xiqiang, deputy director of the CMSA, at the press conference.

The trio will stay in orbit for six months, Lin said.
The Shenzhou-14 crewed spaceship will be launched with a Long March-2F carrier rocket at around 10:44 a.m. Sunday (Beijing Time) from the Jiuquan Satellite Launch Center in northwest China.

The Shenzhou-14 mission will complete the construction of the Tiangong space station, with a basic three-module structure consisting of the core module Tianhe and the lab modules Wentian and Mengtian.

During their stay in orbit, the Shenzhou-14 crew will witness the two lab modules, Tianzhou-5 cargo craft and Shenzhou-15 crewed spaceship dock with the core module Tianhe. They will rotate with the Shenzhou-15 crew in orbit, and return to the Dongfeng landing site in north China’s Inner Mongolia Autonomous Region in December, Lin said. ■
Photo – This undated photo shows Chinese astronauts Chen Dong (C), Liu Yang (R) and Cai Xuzhe who will carry out the Shenzhou-14 spaceflight mission. (Xinhua)