Connect with us

Eastern Europe

ရုရှား-ယူကရိန်း ပဋိပက္ခ : ရုရှားက Lugansk ကို ထိန်းချုပ်နိုင်ပြီဟုဆို၊ ယူကရိန်းကမူ Lysychansk ထိန်းချုပ်ခံရမှုအပေါ် ငြင်းပယ်ထား

ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် ပဋိပက္ခများ၏ နောက်ဆုံးရအခြေအနေများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က Lugansk အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သမ္မတ ဗလာတီမာ ပူတင်ထံ သတင်းပေးပို့ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်က ပြောကြားခဲ့သည်။

ရုရှား တပ်ဖွဲ့ဝင်များနှင့် Lugansk လက်နက်ကိုင်အဖွဲ့များက Lugansk ရှိ အဓိကကျသော Lysychansk မြို့ကို အပြည့်အဝထိန်းချုပ်လိုက်ပြီးနောက် ယင်းဒေသသည် “လွတ်မြောက်လာပြီ” ဖြစ်ကြောင်းနှင့် အခြေကျလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

လွန်ခဲ့သောရက်အတွင်း စုစုပေါင်း နယ်မြေဧရိယာ ၁၈၂ စတုရန်းမီတာ ရှိပြီဖြစ်ကြောင်း Shoigu က ပူတင်အား ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

– – – –
ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကမူ Lysychansk သည် ရုရှားလက်နက်ကိုင်များက အပြည့်အဝထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဆိုသော သတင်းများကို ဇူလိုင် ၃ ရက်က ငြင်းဆိုခဲ့ကြောင်း ယူကရိန်းအစိုးရ Ukrinform သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Yuriy Sak က Lysychansk ရှိ အခြေအနေမှာ “အချိန်အတော်ကြာ တော်တော်လေးတင်းမာနေပါတယ်” ဟု ပြောကြားခဲ့ပြီး ရုရှား တပ်ဖွဲ့ဝင်များက “မြို့ကို အဆက်မပြတ် တိုက်ခိုက်နေတယ်” ဟု BBC အား ပြောကြားခဲ့သည်။

အကယ်၍ ရှရှားတပ်ဖွဲ့ဝင်များအနေဖြင့် Lugansk ဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီးလျှင်တောင်မှ Donetsk ဒေသအား ယူကရိန်းတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသဖြင့် Lugansk နှင့် Donetsk ဒေသများကို ပေါင်းစည်းထားသော ဒွန်ဘတ်စ်ဆိုင်ရာ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း၊ Donetsk ရှိ မြို့ကြီးများစွာမှာ ယူကရိန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း Sak က ဆိုသည်။

– – – –

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက အလည်အပတ်ရောက်ရှိနေသော ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Anthony Albanese နှင့် တွေ့ဆုံစဉ် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံး ပြန်ကြားရေးက သတင်းဖော်ပြခဲ့သည်။

ဆွေးနွေးပွဲအတွင်း ဇယ်လန်းစကီးက Albanese အား ယူကရိန်းနိုင်ငံရှိ ရှေ့တန်းစစ်မျက်နှာအခြေအနေကို ရှင်းပြခဲ့ကြောင်း၊ ယူကရိန်းအား စစ်ရေးနည်းပညာ အကူအညီများ ပိုမိုပေးအပ်ရန် ဩစတြေးလျ ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။

– – – –
ယူကရိန်းနိုင်ငံက Belgorod နှင့် Kursk မြို့များရှိ လူနေဧရိယာများအပေါ်သို့ စစ်လက်နက်ပစ္စည်းမြောက်များစွာနှင့်အတူ ပဲ့ထိန်းဒုံးကျည်များနှင့် Tu-143 Reys မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်၌ ပြောကြားခဲ့သည်။

ရုရှား လေကြောင်းရန်ကာကွယ်ရေးကလည်း ဒုံးကျည် ၃ ခုလုံးအား ဖျက်ဆီးခဲ့ရကြောင်း၊ ဖျက်ဆီးခံရသော ဒုံးကျည်များအနက် တစ်ခု၏ အပျက်အစီးများမှာ Belgorod မြို့ရှိ လူနေအဆောက်အအုံပေါ် ပြုတ်ကျခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

#Russia, #Ukraine, #Conflict, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #ယူကရိန်း, #ပဋိပက္ခ, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ

———————-
(English Version)

Facts about Russia-Ukraine conflict: Russia announces control of Lugansk, Kiev denies reports on Lysychansk’s capture
Source: Xinhua| 2022-07-04 14:54:29|Editor: huaxia
BEIJING, July 4 (Xinhua) — The following are the latest developments in the Ukraine crisis:

Russian Defense Minister Sergei Shoigu has informed President Vladimir Putin of the control of Lugansk, the Defense Ministry said Sunday.

The region has been “liberated” after Russian troops and the armed forces of Lugansk took full control of Lysychansk, a key city of Lugansk, and its nearby settlements, according to a brief statement by the ministry.

Shoigu told Putin that the total area of territories taken over the past day amounted to 182 square km, it added.

– – – –

An official of the Ukrainian Defense Ministry on Sunday denied reports that Lysychansk has been under the full control of Russian armed forces, the government-run Ukrinform news agency reported.

Yuriy Sak, adviser to Defense Minister Olexiy Reznikov, told BBC that the situation in Lysychansk has been “very tense for quite a long time,” and Russian troops have been “constantly attacking the city.”

Even if Russian forces were to seize the entire Lugansk region, the battle for Donbass, which comprises the Lugansk and Donetsk regions, will continue as Ukrainian forces control much of the Donetsk region, Sak said, noting that several other large towns in Donetsk remained under Kiev’s control.

– – – –

Ukrainian President Volodymyr Zelensky on Sunday held a meeting with visiting Australian Prime Minister Anthony Albanese to discuss security cooperation, the presidential press service reported.

During the talks, Zelensky informed Albanese of the situation on the frontline in Ukraine, while the Australian prime minister announced more military-technical assistance to Ukraine, the report said.

– – – –

The Russian Defense Ministry said Sunday that Ukraine has launched an attack by Tochka-U ballistic missiles with cluster munitions and Tu-143 Reys unmanned aerial vehicles on the residential areas in the southern cities of Belgorod and Kursk.

The Russian air defense has destroyed all the three missiles, the ministry said, adding that fragments of one of the destroyed missiles fell down on a residential building in Belgorod. ■
Photo : Photo taken on May 26, 2022 shows a view of damaged constructions in Popasna of Lugansk. (Photo by Victor/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.