Connect with us

Asia

G20 နိုင်ငံခြားရေးဝန်ကြီးများ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ စားနပ်ရိက္ခာအကျပ်အတည်းနှင့် ကမ္ဘာ့တည်ငြိမ်ရေး ဆွေးနွေးရန်ရှိ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း ရှိ Ngurah Rai အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နှာခေါင်းစည်း ဝတ်ဆင်ထားသော နိုင်ငံတကာခရီးသွားဧည့်သည်များအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

G20 နိုင်ငံခြားရေးဝန်ကြီးများသည် ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများနှင့် ပတ်သက်၍ ဇူလိုင် ၇ ရက် နှင့် ၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များလာရောက်ရာ ဘာလီကျွန်း၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအနီးတွင် ရေလွှာလှိုင်းစီးနေသော အမျိုးသားတစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၆ ရက်က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ယခုနှစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အား အစည်းအဝေးပုံစံ၂ ပိုင်းဖြင့် ကျင်းပမည်ဟု ဖော်ပြထားသည်။

နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ အားကောင်းမှုဆိုင်ရာ အစည်းအဝေးပထမပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အဆင့်မြှင့်တင်ရန်၊ နိုင်ငံအချင်းချင်း အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန် ပူးတွဲအဆင့်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းမှာကမ္ဘာ့တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း သိရသည်။

စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံမှုရှိစေဆိုင်ရာ အစည်းအဝေး ဒုတိယပိုင်းတွင် စားနပ်ရိက္ခာအကျပ်အတည်း၊ ဓာတ်မြေသြဇာရှားပါးမှုနှင့် ကမ္ဘာ့ကုန်ဈေးနှုန်းများ မြင့်တက်မှု၊ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များ အခက်အခဲဖြစ်မှု စသည်တို့ကို ကျော်လွှားရန် မဟာဗျူဟာမြောက်အဆင့်များ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းဖိုရမ်တွင် ဟောပြောမည့် အထူးတက်ရောက်သူများမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres ) ၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အမှုဆောင် ဒါရိုက်တာ David Beasley နှင့် ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒနှင့် မိတ်ဖက်ဆက်ဆံရေး မန်နေဂျင်း ဒါရိုက်တာ Mari Elka Pangestu တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
G20 foreign ministers to discuss food crisis, global stability in Indonesia’s Bali
JAKARTA, July 7 (Xinhua) — The Group of 20 (G20) foreign ministers will gather in Indonesia’s tourist island of Bali on Thursday and Friday to discuss the global crisis and recovery efforts.

According to a press statement released on Wednesday by the Indonesian Foreign Affairs Ministry, this year’s foreign ministers meeting will hold two sessions.

The first session on strengthening multilateralism will discuss joint steps to enhance global collaboration and build mutual trust among countries, which will become an enabling environment for world stability, peace, and development.
The second one on food and energy security will discuss strategic steps to overcome the food crisis, fertilizers shortage, and rising global commodity prices and disruption of global supply chains.

Special attendees that will speak in the forum include United Nations (UN) Secretary-General Antonio Guterres, Executive Director of the UN World Food Programme David Beasley, and the World Bank Managing Director of Development Policy and Partnerships Mari Elka Pangestu. ■
Photo- International travelers wearing face masks walk at Ngurah Rai International Airport in Bali, Indonesia, Feb. 16, 2022. (Photo by Bisinglasi/Xinhua)
Photo- A man surfs near Tanah Lot in Bali, Indonesia, Dec. 18, 2021. (Xinhua/Xu Qin)