Connect with us

Eastern Europe

နေတိုးဗုံးကြဲမှုအတွင်း သေဆုံးခဲ့ရသော တရုတ်အာဇာနည်များအတွက် ဆားဗီးယား နှင့် တရုတ် ကိုယ်စားလှယ်များ လွမ်းသူ့ပန်းခွေချ အလေးပြု

၁၉၉၉ ခုနှစ်က ယူဂိုဆလားဗီးယားပြည်ထောင်စုရှိ ယခင်တရုတ်သံရုံးအပေါ် နေတိုးတပ်ဖွဲ့က ဗုံးကြဲခဲ့ရာတွင် အသက်သေဆုံးခဲ့ရသည့် တရုတ်သတင်းသမားများအတွက် အောက်မေ့ဖွယ် လွမ်းသူ့ပန်းခွေချအခမ်းအနားကို ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ မေ ၇ ရက်တွင်ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

ဘဲလ်ဂရိတ် ၊ မေ ၈ ရက်(ဆင်ဟွာ)

၁၉၉၉ ခုနှစ်က ယူဂိုဆလားဗီးယားပြည်ထောင်စုရှိ ယခင်တရုတ်သံရုံးအား နေတိုးတပ်ဖွဲ့(NATO) က ဗုံးကြဲခဲ့မှုအတွင်း အသက်သေဆုံးခဲ့ရသည့် တရုတ်သတင်းသမား ၃ ဦးအား ရည်စူး၍ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနားတစ်ရပ်ကို မေ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆားဗီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ်များတက်ရောက်၍ ကျဆုံးသွားသောတရုတ်အာဇာနည်များအတွက် အောက်မေ့ဖွယ်ဂါရဝပြုခဲ့ပြီး နေတိုး၏ “ရိုင်းစိုင်းကြမ်းကြုတ်သောလုပ်ရပ်” အတွက် ကန့်ကွက်ရှုတ်ချမှုပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ လွမ်းသူ့ပန်းခွေချအခမ်းအနားသို့ တက်ရောက်လာကြသော အရာရှိကြီးများအနက် ဆားဗီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Aleksandar Vulin ၊ အလုပ်အကိုင် ၊ ကျွမ်းကျင်မှု နှင့် လူမှုရေးရာဝန်ကြီးဌာနဝန်ကြီး Darija Kisic Tepavcevic နှင့် ဆားဗီးယားနိုင်ငံ ဆိုင်ရာတရုတ်သံရုံးတာဝန်ခံ Tian Yishu တို့က အသီးသီး အောက်မေ့ဖွယ် လွှမ်းသူ့ပန်းခွေချဂုဏ်ပြုခဲ့ကြောင်း သိရသည်။

၁၉၉၉ ခုနှစ်က ယူဂိုဆလားဗီးယားပြည်ထောင်စုရှိ ယခင်တရုတ်သံရုံးအပေါ် နေတိုးတပ်ဖွဲ့က ဗုံးကြဲခဲ့ရာတွင် အသက်သေဆုံးခဲ့ရသည့် တရုတ်သတင်းသမားများအတွက် အောက်မေ့ဖွယ် လွမ်းသူ့ပန်းခွေချအခမ်းအနားကို ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ မေ ၇ ရက်တွင်ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

“ တရုတ်နိုင်ငံသားတွေဟာ ဒီနေရာမှာ သူတို့အသက်ကို စတေးခဲ့ကြရရှာတယ် ၊ ဒီနေရာမှာ ဒီလိုဖြစ်စရာကို မလိုဘူး၊ ဒါပေမယ့် သူတို့ဟာ သိပ်ကိုခက်ခဲပြီး ဝမ်းနည်းကြေကွဲစရာကောင်းလှတဲ့အချိန်မျိုးမှာ ကျွန်တော်တို့နဲ့အတူ မျှဝေခံစားဖို့ သူတို့ဟာ ဒီနေရာမှာ အလုပ်လုပ်ကိုင်ခဲ့ကြတယ် ” ဟု ဆားဗီးယားပြည်ထဲရေးဝန်ကြီး Vulin က အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ရှိ ယခင်ယူဂိုဆလားဗီးယားပြည်ထောင်စုခေတ်က တရုတ်သံရုံးမြေနေရာ၌ ၂၀၂၂ ခုနှစ် မေ ၇ ရက်တွင် ပြုလုပ်သည့် အောက်မေ့ဖွယ်အခမ်းအနားသို့တက်ရောက်လာသော ဆားဗီးယားနိုင်ငံ အလုပ်အကိုင် ၊ ကျွမ်းကျင်မှု နှင့် လူမှုရေးရာဝန်ကြီးဌာနဝန်ကြီး Darija Kisic Tepavcevic ( ပထမ-ယာ) က သတင်းသမားများ၏ မေးမြန်းချက်ကို ဖြေကြားနေစဉ်(ဆင်ဟွာ)

“ ရန်လိုတဲ့ကျူးကျော်စစ်ကာလအတွင်းက သူတို့လုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ နေတိုး(NATO)အပေါ် ဆားဗီးယားရဲ့ တောင်းဆိုမှုဟာ ဘယ်တော့မှ ရပ်တံ့သွားမှာ မဟုတ်ပါဘူး ” ဟု Vulin က ပြောကြားခဲ့ပြီး “အခုချိန်မှာ သူတို့ရဲ့မူဝါဒရေးရာမှာ ကျွန်တော်တို့ကို ပူးပေါင်းပါဝင်ဖို့ တောင်းဆိုနေတဲ့ အဲဒီ(အနောက်အင်အားစုတွေ) အနေနဲ့ ၁၉၉၉ ခုနှစ်က သူတို့ရဲ့ ထုတ်ပြန်ချက်တွေကို ပြန်ပြောင်းသတိရသင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင်ဆားဗီးယားပြည်ထဲရေးဝန်ကြီးက ဆားဗီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် “ အခက်ခဲဆုံးအချိန်ကာလတွေမှာ သံမဏိနဲ့ ပုံသွင်းလုပ်ထားတဲ့ ချစ်ကြည်ရင်းနှီးမှုတစ်ခုရှိတဲ့ မိတ်ရင်းဆွေရင်းတွေ ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

ဆားဗီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးတာဝန်ခံ Tianက “ တရုတ်-ဆားဗီးယား သံမဏိချစ်ကြည်ရင်းနှီးမှုဟာ ဒီဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့စီးပွားရေးပြန်လည်နလံထူဖို့အတွက် အခုချိန်မှာ သိပ်ကို အရေးပါတဲ့အခန်းကဏ္ဍတစ်ခုက ပါဝင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

“ စီးပွားရေး နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်နှစ်ခုလုံးမှာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြတဲ့နိုင်ငံတွေအားလုံးနဲ့အတူ ဘက်စုံပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဖြစ်ပေါ်တိုးတက်ဖို့ ကျွန်တော်တို့ဆန္ဒပြုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဒေသခံအသင်းအဖွဲ့တစ်ခုနှင့်အတူ အခမ်းအနားတက်ရောက်လာသော ဆားဗီးယားစစ်တပ်မှ အငြိမ်းစားဗိုလ်မှူးကြီး Svetozar Parezanin က နေတိုးဗုံးကြဲမှုအတွင်းသေဆုံးသွားခဲ့ရသည့် တရုတ်သတင်းသမားသုံးဦးဖြစ်သော ဆင်ဟွာသတင်းဌာနမှ သတင်းထောက် Shao Yunhuan နှင့် Guangming နေ့စဉ်ထုတ် သတင်းစာတိုက်မှ သတင်းထောက် Xu Xinghu နှင့် သူ၏ ဇနီး Zhu Ying တို့၏ ရုပ်ပုံများ ဖော်ပြရှိသည့် ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်၍ တက်ရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။

“ အဲဒီနေ့ကို ကျွန်တော်တို့ ကောင်းကောင်းကြီးမှတ်မိနေပါတယ် ။ အဲဒီနေ့ကို ကျွန်တော်တို့ဘယ်တော့မှ မေ့ပျောက်ပစ်မှာ မဟုတ်ဘူး ၊ တရုတ်ညီအစ်ကိုတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ လေးစားမှုကို ထုတ်ဖော်ပြသဖို့ ဒီနေရာကို နှစ်စဉ်နှစ်တိုင်းကျွန်တော်တို့လာရောက် ခဲ့တာပါ” ဟု ဆားဗီးယားအငြိမ်းစားဗိုလ်မှူးကြီး Parezanin က ဆိုသည်။(Xinhua)

#China, #Serbia, #NATO, #xinhua, #xinhuamyanmar, #
#တရုတ်,#ဆားဗီးယား,#နေတိုး,#ဆင်ဟွာ,#ဆင်ဟွာမြန်မာ

…………………………………………
(English Version)
Serbia, China honor Chinese martyrs killed in NATO bombing

BELGRADE, May 7 (Xinhua) — Laying wreaths at memorial plaques here dedicated to the three Chinese journalists killed in the NATO bombing of the former Chinese embassy in the Federal Republic of Yugoslavia in 1999, representatives of Serbia and China on Saturday commemorated the Chinese martyrs and condemned NATO’s “barbaric act.”
Among the officials present at the commemoration were Serbian Interior Minister Aleksandar Vulin, Minister of Labor, Employment, Veteran and Social Affairs Darija Kisic Tepavcevic, and Tian Yishu, Charge d’affaires of the Chinese embassy in Serbia.

“Chinese citizens that laid their lives here, didn’t even need to be here, but they chose to do so, in order to share the most difficult and saddest moments with us,” Vulin said.
“Serbia will never stop asking for responsibility for crimes conducted by NATO during their aggression,” Vulin said. “Those (Western powers) which now ask from us to align with their policies should remember their statements from 1999.”
He noted that Serbia and China “have a friendship made of steel, forged in the most difficult of times.”
Tian said that “China-Serbia friendship of steel is now playing a vital role in the peace and economic recovery of this region.”
“We wish to continue comprehensive cooperation with all peace-loving countries, both in fields of economic cooperation and security,” he said.

Svetozar Parezanin, a retired colonel of the Serbian Army who came here with a local citizen association, held a banner with photographs of the three killed journalists — Shao Yunhuan of Xinhua News Agency, and Xu Xinghu and his wife Zhu Ying of the Guangming Daily newspaper.
“We remember that day very well, and we will never forget it. We come here every year to show our feeling of respect towards brotherly Chinese people,” Parezanin said.

Photo(1,2) – Wreaths are seen at memorial plaques dedicated to the three Chinese journalists killed in the NATO bombing of the former Chinese embassy in the Federal Republic of Yugoslavia in 1999, in Belgrade, Serbia, May 7, 2022. (Photo by Wang Wei/Xinhua)

Photo(3) Minister of Labor, Employment, Veteran and Social Affairs Darija Kisic Tepavcevic (1st L) gives an interview at the site of the former Chinese embassy in the Federal Republic of Yugoslavia, in Belgrade, Serbia, May 7, 2022. (Photo by Wang Wei/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.