Connect with us

Europe

ရုရှားတပ်ဖွဲ့ဝင်များက Donetsk ရှိ ယူကရိန်း တပ်ဖွဲ့များနှင့် လက်နက်ခဲယမ်းသိုလှောင်ရုံများအား ဝင်ရောက်တိုက်ခိုက်

Donetsk ရှိ ပျက်စီးနေသော အဆောက်အဦ တစ်ခုရှေ့တွင် လမ်းလျှောက်နေသူများအား ၂၀၂၂ ခုနှစ်၊ ဇွန် ၂၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

Donetsk ရှိ Artemovsk မြို့အနီးတွင် ယာယီတပ်စွဲထားသော နေရာများနှင့် လက်နက်ခဲယမ်းစက်ရုံများကို ရုရှား၏ လေကြောင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ နေရာတွင် ယူကရိန်း တပ်ဖွဲ့ဝင် ၃၅၀ နှင့် သံချပ်ကာ တိုက်ခိုက်ရေးယာဉ် အစီး ၂၀ အထိ တိုက်ခိုက်ခံခဲ့ရကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယူကရိန်းစစ်တပ်သည် ရုရှားမှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံရပြီးနောက် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပြီး အမှတ် ၂၄ သံချပ်ကာတပ်ဖွဲ့ဝင် ၂၅၀၀ ခန့်နှင့် ယူကရိန်း အမှတ် ၇၉ လေကြောင်းချီ ချေမှုန်းရေးတပ်ဖွဲ့ဝင်များ၏ ၈၀ ရာခိုင်နှုန်းကျော် သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

အသေအပျောက်စာရင်းနှင့် အပျက်အစီးများအား အတည်ပြုရန် ယူကရိန်းဘက်မှ အချက်အလက်များ မရရှိသေးကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Russian forces hit ammunition depots, Ukrainian troops in Donetsk
MOSCOW, July 7 (Xinhua) — Russia’s aerospace forces have destroyed temporary deployment points and ammunition depots near the city of Artemovsk in Donetsk, the Russian Defense Ministry said Thursday.
Up to 350 Ukrainian personnel and 20 armored combat vehicles were hit at the site, according to the ministry.
The ministry added that the Ukrainian military has suffered heavy losses after Russian attacks on combat positions, with the total casualties of the 24th mechanized brigade amounting to around 2,500, and the Ukrainian 79th airborne assault brigade loosing more than 80 percent of its personnel.
There is no information available form the Ukrainian side for the time being to confirm the casualties and damage.
Photo-People walk past a damaged building in Donetsk, June 20, 2022. (Photo by Victor/Xinhua)