Connect with us

Asia

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ပစ်ခတ်ခံရ၍ ဆေးရုံသို့ပို့ဆောင်ထားရ

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးသည် ဇူလိုင် ၈ရက် နံနက်ပိုင်း Nara မြို့တွင် ဟောပြောပွဲပြုလုပ်နေစဉ် ရင်ဘတ်ကိုသေနတ်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မီဒီယာများ၏ ယင်းနေ့၌ ဖော်ပြချက်များအရ သိရသည်။ လက်ရှိတွင် ရှင်ဇိုအာဘေး၏ နှလုံး၊အဆုတ်အလုပ်မလုပ်တော့ကြောင်း သိရသည်။

ဒေသစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရှင်ဇိုအာဘေးသည် ဘူတာတစ်ခုအနီး၌ ဟောပြောပွဲပြုလုပ်နေစဉ် သေနတ်ထိမှန်လဲကျခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ရှင်ဇိုအာဘေး၏ နှလုံး၊အဆုတ်က ရပ်တန့်သည့်အနေအထားတွင်ရှိကြောင်း သိရသည်။ အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ သံသယရှိသူကို ဖမ်းဆီးပြီးဖြစ်ကြောင်း သိရသည်။

နှလုံး၊အဆုတ် ရပ်တန့်သွားသည် ဆိုသည်မှာ နှလုံးခုန်နှုန်းရပ်တန့်၍ အသက်မရှူတော့ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဂျပန်တွင် ဒဏ်ရာရသူ၏ နှလုံးနှင့်အဆုတ်အလုပ်မလုပ်တော့ပါက ဆရာဝန်အတည်ပြုမှုမရှိသေးလျှင် “သေဆုံး”သည်ဟု အတည်ပြု၍မရကြောင်း သိရသည်။ (Xinhua)

……………………………….
(Chinese Version)
快讯:安倍晋三胸部中枪 已被送医
2022-07-08 11:14:07 分类: 社会
新华社快讯:据日本媒体8日报道,正在奈良演讲的日本前首相安倍晋三胸部中枪倒地,已被送医。
记者:姜俏梅
编辑:王丰丰 王玉珏
新华社东京7月8日电 据日本媒体8日报道,日本前首相安倍晋三当天上午在奈良发表演讲时中枪,目前心肺功能停止。
报道说,当地时间11时30分左右,安倍在奈良一车站附近发表演讲时中枪倒地。目前,安倍处于心肺功能停止状态。嫌疑人已被捕。
心肺功能停止是指心脏停跳,没有呼吸。在日本,如果伤员心肺功能停止,但未经医生确认,还不能确认其“死亡”。