Connect with us

China

တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် RCEP အဖွဲ့ဝင်နိုင်ငံများအတွက် ပြခန်းဧရိယာ ထားရှိမည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” နိုင်ငံတကာပြခန်းအဆောက်အအုံအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) မှ ပါဝင်ပြသမည့်သူများအတွက် ပြခန်းဧရိယာတစ်ခု ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံကဲ့သို့ RCEP အဖွဲ့ဝင်နိုင်ငံများမှ ကုမ္ပဏီများနှင့် အေဂျင်စီများအနေဖြင့် ပြပွဲ၌ ပါဝင်ရန် အတည်ပြုထားကြောင်း ပြပွဲဆိုင်ရာ အတွင်းဝန်၊ လက်ထောက်အထွေထွေအတွင်းရေးမှူး Shi Zuyao က ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ဘရူနိုင်းကဲ့သို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏ ပြခမ်းများကိုစတင်၍ စီစဉ်နေပြီဖြစ်သည်။

ပြည်တွင်းမှ ပြပွဲပြသမှုများအတွက် စုစုပေါင်း ပြခန်းဧရိယာ စတုရန်းမီတာ ၈၂,၀၀၀ ရှိကြောင်း၊ ယင်းဧရိယာကို အီလက်ထရောနစ် သတင်းအချက်အလက်၊ ကုန်း-ရေ ထွက်ပေါက်အသစ်များ၊ နယ်စပ်ဖြတ်ကျော် e-commerce နှင့် လက်လီရောင်းချမှုအသစ်များ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်းအင်သစ်မော်တော်ယာဉ်များ အပါအဝင် သီးခြားပြခန်းများဖြင့် ခွဲခြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
China-ASEAN Expo establishes exhibition area for RCEP members
Source: XinhuaEditor: huaxia2022-07-07 20:24:15
NANNING, July 7 (Xinhua) — The 19th China-ASEAN Expo, slated to be held from Sept. 16 to 19 in Nanning, capital of south China’s Guangxi Zhuang Autonomous Region, will establish an exhibition area for participants of the Regional Comprehensive Economic Partnership (RCEP).

Companies and agencies from RCEP member states such as the Republic of Korea and Japan have confirmed their participation in the expo, according to Shi Zuyao, deputy secretary-general of the expo secretariat.

ASEAN members such as Thailand, Vietnam, Laos, Myanmar and Brunei have begun arranging their booths.

The total exhibition area for domestic participants is 82,000 square meters, which will be divided into separate exhibition areas, including electronic information, new land-sea passages, cross-border e-commerce and new retail, environmental protection cooperation and new energy vehicles. ■
Photo : Photo taken on Sept. 11, 2021 shows the “Belt and Road” International Pavilion at the 18th China-ASEAN Expo in Nanning, south China’s Guangxi Zhuang Autonomous Region. (Xinhua/Lu Boan)