Connect with us

Africa & Middle East

နိုင်ဂျီးယားနိုင်ငံ၌ ဘုရားကျောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၄၀ ဦးထိ မြင့်တက်

နိုင်ဂျီးယားနိုင်ငံ Ondo ပြည်နယ် Owo မြို့၌ အမည်မသိသေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ခုအတွင်း ဖရိုဖရဲဖြစ်နေသည်ကို ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

လာဂို့စ် ၊ ဇွန် ၉ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ဘုရားကျောင်းတစ်ခု၌ ဇွန် ၅ ရက်က ဖြစ်ပွားသော တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသူ အရေအတွက်သည် ၄၀ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း Ondo ပြည်နယ်အုပ်ချုပ်ရေးမှူး Arakunrin Rotimi Akeredolu က ဇွန် ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ဂျီးယားနိုင်ငံ Ondo ပြည်နယ် Owo မြို့၌ အမည်မသိသေနတ်သမားများက ဘုရားကျောင်းအား ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် လူအများစုရုံးရောက်ရှိလာသည်ကို ဇွန် ၅ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

တိုက်ခိုက်မှုအတွင်း အခြားထိခိုက်ဒဏ်ရာရသူ ၆၁ ဦးအား ဒေသတွင်း ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း အခင်းဖြစ် စိန့်ဘရန်စစ်ကက်သလစ် ဘုရားကျောင်း တည်ရှိရာ Owo မြို့တွင် မီဒီယာအား Akeredolu က ဖြေကြားခဲ့သည်။

ဆေးရုံတက် ကုသမှုခံယူရသူများအနက် ၂၆ ဦးမှာ ဒဏ်ရာသက်သာ၍ ဆေးရုံမှ အသီးသီး ဆင်းသွားကြပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ အဲဒါက လက်ရှိကျွန်တော်တို့ရရှိထားတဲ့ ကိန်းဂဏန်းအရေအတွက်ပေါ့” ဟုပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။ တိုက်ခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရသူများအား မြှုပ်နှံရန် အောက်မေ့ဖွယ်ဂူဗိမာန် ဥယျာဉ်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အသက် သေဆုံးသွားသူများ၏ မိသားစုဝင်များ နှင့် အသက်ရှင်ကျန်ရစ်သူများအား ထောက်ပံ့ကူညီရန်အတွက် ဘဏ်အကောင့်တစ်ခုဖွင့်လှစ်ကာ အလှူငွေများ လက်ခံသွားရန်လည်း ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်နေကြောင်း ၎င်း ကဆိုသည်။

Ondo ပြည်နယ်အုပ်ချုပ်ရေးမှူး Akeredolu က ဝမ်းနည်းကြေကွဲခြင်း အောက်မေ့ဖွယ် အထိမ်းအမှတ် ၇ ရက် ကြေညာခဲ့ပြီး အသက်သေဆုံးသွားသူများအတွက် ဂုဏ်ပြုရန် အစိုးရရုံးအဆောက်အဦများအားလုံး၌ နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူရန် ဇွန် ၆ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ဝတ်ပြုဆုတောင်းသူများအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်သော ကြေညာချက်တစ်စောင်ကို မြို့တော် အဘူဂျာ၌ ဇွန် ၅ ရက်တွင် နိုင်ဂျီးရီးယားသမ္မတ Muhammadu Buhari က ထုတ်ပြန်ကြေညာခဲ့သည်။(Xinhua)

…………………………………….
(English Version)
Death toll rises to 40 in church attack in Nigeria
LAGOS, June 8 (Xinhua) — The number of people killed in an attack Sunday on a church in southwestern Nigeria has risen to 40, Ondo state governor Arakunrin Rotimi Akeredolu said on Wednesday.
Sixty-one others wounded in the brutal attack are being treated in local hospitals, the governor told the media in Owo, the town where the St. Francis Catholic Church is located.
Akeredolu said 26 have been discharged from hospitals after treatment.
“Those are the figures we have now,” the governor said, adding that a memorial park will be built to bury those died in the attack
The state government also set up a bank account for donations to help the families of the victims and the survivors, he said.
On Monday, Akeredolu declared a seven-day mourning and ordered that flags be flown at half-mast in all public buildings in honor of the victims.
In a statement released on Sunday in Abuja, Nigerian President Muhammadu Buhari condemned the heinous killing of worshippers.

Photo (1) Photo taken on June 5, 2022, shows the interior scene of a church attacked by unidentified gunmen in the town of Owo, Ondo state, Nigeria. (Photo by Adewale Ogunyemi/Xinhua)
Photo(2) People gather in front of a church that is attacked by unidentified gunmen in the town of Owo, Ondo state, Nigeria, June 5, 2022. (Photo by Adewale Ogunyemi/Xinhua)