Connect with us

North America

အီလွန်မက်စ်က တွစ်တာသဘောတူစာချုပ် ရပ်ဆိုင်းရန် ဆုံးဖြတ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းရှိ Tesla China မှ ထုတ်လုပ်သော Model 3 မော်တော်ကား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ စကားပြောကြားနေသော Tesla စီအီးအို အီလွန်မက်စ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

Tesla စီအီးအို အီလွန်မက်စ် (Elon Musk) သည် တွစ်တာက ၎င်း၏ spam နှင့် အကောင့်တုများ (fake accounts) ဆိုင်ရာ အချက်အလက်ကို ထိမ်ချန်ထားကြောင်း စွပ်စွဲလျက် တွစ်တာကို ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ သဘောတူစာချုပ်ကို ရပ်ဆိုင်းရန် ဇူလိုင် ၈ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တွစ်တာအနေဖြင့် ကုမ္ပဏီပူးပေါင်းမှုဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားများကို လိုက်နာရန်ပျက်ကွက်ခဲ့ပြီး ဧပြီလက လက်မှတ်ရေးထိုးခဲ့သော ကန့်သတ်ချက်များစွာကို ချိုးဖောက်ခဲ့ကြောင်း မက်စ်၏ ရှေ့နေ့က ပြောကြားခဲ့သည်။

တွစ်တာ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Bret Taylor က ကုမ္ပဏီအနေဖြင့် မက်စ်နှင့် သဘောတူထားသည့်အပေါ်မူတည်၍ ဈေးနှုန်း၊ သက်တမ်းဆိုင်ရာ စာချုပ်ကို ပိတ်သိမ်းရန်နှင့် ကုမ္ပဏီပေါင်းစည်းရေးသဘောတူစာချုပ် အတည်ပြုရန် ဥပဒေကြောင်းအရ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ Delaware ပြည်နယ်က သမာဓိရုံးမှာ အမှုကိုရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်” ဟု Salesforce ၏ ပူးတွဲအမှုဆောင်အရာရှိချုပ်လည်းဖြစ်သူ Taylor က ဆိုသည်။

ဧပြီလတွင် အီလွန်မက်စ်က တွစ်တာ၏ ရှယ်ယာ ၄၄ ဘီလီယံ ဝယ်ယူမှုကို ကြေညာခဲ့သည်။ ထို့နောက် မေလတွင် ၎င်းက အဆိုပါ လူမှုပလက်ဖောင်း၏ spam နှင့် အကောင့်တုများစွာ၏ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ တောင်းဆိုခဲ့သဖြင့် သဘောတူစာချုပ်ကို ယာယီဆိုင်းငံ့ထားခဲ့ကြောင်း ပြောခဲ့သည်။ (Xinhua)

………………………
(English Version)
Elon Musk decides to terminate Twitter deal

Source: Xinhua

Editor: huaxia

2022-07-09 13:16:12
SAN FRANCISCO, July 8 (Xinhua) — Tesla CEO Elon Musk decided on Friday to terminate his 44 billion U.S. dollars deal to buy Twitter, blaming the company for withholding information on its number of spam and fake accounts.

Musk’s lawyer claimed that Twitter failed to comply with its obligations in the merger agreement and was “in material breach of multiple provisions” of the agreement signed in April.

Twitter’s Board Chair Bret Taylor said the company is committed to closing the deal on the price and terms agreed upon with Musk, and plans to pursue legal action to enforce the merger agreement.

“We are confident we will prevail in the Delaware Court of Chancery,” tweeted Taylor, who is also co-CEO of Salesforce.

In April, Elon Musk announced the 44 billion-dollar acquisition of Twitter. Later in May, he said the deal was temporarily on hold as he asked for details on the number of the social platform’s spam and fake accounts. ■
Photo : Tesla CEO Elon Musk speaks at a delivery ceremony for Tesla China-made Model 3 in Shanghai, east China, Jan. 7, 2020. (Xinhua/Ding Ting)