Connect with us

Asia

နိုင်ငံတကာစားနပ်ရိက္ခာဖူလုံရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တရုတ်နိုင်ငံ၏အဆိုပြုချက်ကို တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ဇူလိုင် ၈ ရက်က ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီ ကြိုဆိုပွဲအခမ်းအနား၌ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့အား တွေ့ရစဉ်(ဆင်ဟွာ)

ဘာလီကျွန်း၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးကဏ္ဍအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် နိုင်ငံတကာစားနပ်ရိက္ခာဖူလုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆိုပြုချက်ကို ဇူလိုင် ၈ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ပြောကြားခဲ့သည်။

ဝမ်ရိက စားနပ်ရိက္ခာနှင့်စွမ်းအင်ကဏ္ဍသည် ကမ္ဘာ့စီးပွားရေး ကောင်းမွန်စွာ လည်ပတ်နိုင်မှုနှင့်သက်ဆိုင်သလို ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ထိရောက်စွာအကောင်အထည်ဖော်မှုအပေါ် သက်ရောက်မှုရှိရာ လက်ရှိအခြေအနေတွင် G20 အနေဖြင့် ထမ်းဆောင်သင့်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သင့်ရာ ကုန်စည်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုကို တည်ဆောက်သင့်ပါကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက အကြံပြုလိုသည်မှာ-

(၁) ကုလသမဂ္ဂဗဟိုပြုသော ညှိနှိုင်းဆောင်မှုကဏ္ဍကို ထောက်ခံရမည်ဖြစ်ရာ ကုလသမဂ္ဂ၏အခန်းကဏ္ဍကိုလျှော့ချရမည် မဟုတ်ကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့ (IFAD)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) တို့၏လုပ်ငန်းဆောင်တာများကို အားပေးထောက်ခံကြရန်

(၂) ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စားနပ်ရိက္ခာဝယ်ယူမှုအပေါ် ပို့ကုန်ကန့်သတ်မှုများ မပြုလုပ်ရန်

(၃) ရုရှား၊ ယူကရိန်း၊ ဘီလာရုဇ်နိုင်ငံများ၏ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် သွင်းအားစုများ နိုင်ငံတကာဈေးကွက်သို့ဝင်ရောက်မှု အဆင်ချောမွေ့စေရေး ပံ့ပိုးရန်

(၄) အဓိကစားနပ်ရိက္ခာထုတ်လုပ်ခြင်းနှင့်အသားတင် တင်ပို့သောနိုင်ငံများ၏ ပို့ကုန်အလားအလာကို ဖွင့်လှစ်ပေး၍ ကုန်သွယ်ရေးနှင့်နည်းပညာဆိုင်ရာ အတားအဆီးများကို လျှော့ချပေးရန်၊ စားနပ်ရိက္ခာ စွမ်းအင်အသွင်အသုံးချမှုကို ထိန်းချုပ်ရန်၊ ဈေးကွက်ပံ့ပိုးမှုကျပ်တည်းသည့်အခြေအနေကို ဖြေလျှော့ပေးရန်

(၅) နိုင်ငံအသီးသီး၏ စားနပ်ရိက္ခာကုန်သွယ်ရေး အရေးပေါ်နည်းလမ်းများက ရေတို၊ ပွင့်လင်းမြင်သာ၍ ဦးတည်ချက်နှင့်သင့်လျော်မှုရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုရှိစေရန်

(၆) နိုင်ငံတကာ စိုက်ပျိုးရေးသုတေသန ပညာရှင်များအဖွဲ့ (CGIAR)နှင့် နိုင်ငံအသီးသီး လယ်ယာကဏ္ဍ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ခြင်းကို ထောက်ခံအားပေး၍ အဆင့်မြင့်သိပ္ပံနည်းပညာသစ်ဖလှယ်ရေးအကန့်အသတ်များကို ဖြေလျှော့ရန်

(၇) စားနပ်ရိက္ခာ အလေအလွင့်ဖြစ်ပွားမှုကို လျှော့ချရမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာစားနပ်ရိက္ခာ အလေအလွင့်ဖြစ်ပွားမှု လျှော့ချရေးကွန်ဖရင့်ကို ကျင်းပပြီးဖြစ်ရာ ဆွေးနွေးမှုသဘောတူညီချက်များကို အတူ အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း

(၈) အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်စသည့်ကဏ္ဍများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ စားနပ်ရိက္ခာထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် အလေအလွင့်ဖြစ်ပွားမှုလျှော့ချနိုင်စွမ်းကို ကူညီမြှင့်တင်ဆောင်ရွက်ပေးရန် စသည်တို့ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
(国际)王毅提出中方关于国际粮食安全合作倡议
2022-07-09 00:12:27 分类: 政治法律
新华社印度尼西亚巴厘岛7月8日电(记者余谦梁)当地时间2022年7月8日,国务委员兼外长王毅在巴厘岛出席二十国集团外长会时就粮食和能源安全问题阐明中方立场并代表中方提出国际粮食安全合作倡议。
王毅表示,粮食和能源攸关世界经济健康运行,影响2030年可持续发展议程有效落实。当前形势下,二十国集团应承担应尽责任,建立大宗商品合作伙伴关系。中方建议:
一是支持联合国中心协调作用,加强而非削弱联合国作用,支持联合国粮农组织、农发基金、世界粮食计划署的工作。
二是不对世界粮食计划署开展的人道主义粮食采购实施出口限制措施。
三是为俄罗斯、乌克兰、白俄罗斯的农产品和投入品顺利进入国际市场提供便利。
四是主要粮食生产和净出口国释放自身出口潜力,减少贸易和技术壁垒,控制粮食能源化利用,纾解市场供给紧张局面。
五是各国采取的粮食贸易应急措施应是短期、透明、有针对性和适当的,并符合世贸组织规则。
六是支持国际农业研究磋商组织及各国农业科技创新合作,减少高新科技交流限制。
七是减少粮食损耗。中方已举办国际粮食减损大会,愿共同落实会议共识。
八是在资金、技术、市场等方面帮助发展中国家提升粮食生产、收储和减损能力。(完)
1. 7月8日,在印度尼西亚巴厘岛,中国国务委员兼外长王毅(左)和印尼外长蕾特诺出席二十国集团外长会前的欢迎仪式。新华社记者徐钦摄