Connect with us

China

တရုတ်-အာဆီယံ ပြပွဲက ခရီးသွားလုပ်ငန်းအခွင့်အလမ်းသစ်များ မီးမောင်းထိုးပြလျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လျင်မြို့တွင် ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲတွင် စက္ကူညှပ်အနုပညာပြသနေသူတစ်ဦးကို အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲ (CAEXPOTE) ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးသွားမြို့ဖြစ်သော ကွေ့လျင်တွင် အောက်တိုဘာ ၁၃ ရက်က စတင်ကျင်းပခဲ့ရာ ၎င်းမှာ ခရီးသွားလုပ်ငန်းကဏ္ဍ၌ အခွင့်အလမ်းသစ်များကို မီးမောင်းထိုးပြလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လျင်မြို့တွင် ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲတွင် လာရောက်လည်ပတ်သူများကို အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လျင်မြို့တွင် ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲတွင် လာရောက်လည်ပတ်သူများကို အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

သုံးရက်ကြာပြုလုပ်လျက်ရှိသော အဆိုပါပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၃၇ ခုမှ ပါဝင်တက်ရောက်ခဲ့ကြသည်။ ပြပွဲအတွင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖိုရမ်၊ ရင်းနှီးမြှုပ်နှံမှုပြပွဲနှင့် မြှင့်တင်ရေးဆွေးနွေးပွဲများ အပါအဝင် အစီအစဉ်များစွာ ထည့်သွင်းပြုလုပ်မည်ဖြစ်သည်။

ယခုနှစ် CAEXPOTE ပြပွဲကို “လှပသော နိုင်ငံတွင် ဆုံဆည်းရန် အတူတကွ လက်ချင်းယှက်လျက်စတင်စို့” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ပြည်တွင်းခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအမွေအနှစ် ခရီးသွားလုပ်ငန်း၊ ခရီးသွားလာရေး ပံ့ပိုးမှုနှင့် ပြည်ပခရီးသွားလုပ်ငန်း အပါအဝင် ပုံစံအမျိုးမျိုးဖြင့် ပြခန်း ၇ ခန်း ထည့်သွင်းကျင်းပခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံး ခရီးသွားဧည့်သည်အရင်းအမြစ်ဖြစ်လာသလို အာဆီယံ ခရီးသွားဧည့်သည်များအတွက် ပြည်ပခရီးသွားနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်လာခဲ့ကြောင်း ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဒုတိယဝန်ကြီး လုရင်ချွမ်းက ပြောကြားခဲ့သည်။

ယခင်က CAEXPOTE ကို ၈ ကြိမ်တိုင် အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်းနှင့် တရုတ်-အာဆီယံဒေသတွင် လွှမ်းမိုးမှုအရှိဆုံး ခရီးသွားလုပ်ငန်းကူးလူးဆက်ဆံမှု ပလက်ဖောင်းများအနက် တစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China-ASEAN exhibition highlights new tourism opportunities
NANNING, Oct. 13 (Xinhua) — The 2023 China-ASEAN Expo Tourism Exhibition (CAEXPOTE) kicked off in the tourist city of Guilin, south China’s Guangxi Zhuang Autonomous, on Friday, highlighting new opportunities in the tourism sector.
The three-day event attracted participants from 37 countries and regions. Multiple activities, including culture and tourism forums, investment fairs and promotion conferences, are to be held during the exhibition.
This year’s CAEXPOTE is themed “To meet on the beautiful land, to start together hand in hand”. Seven exhibition areas with different themes have been established, including domestic tourism, cultural heritage tourism, travelling equipment and overseas tourism, among others.
China has become ASEAN’s largest source of tourists and one of the favorite outbound travel destinations for ASEAN tourists, said Lu Yingchuan, deputy minister of culture and tourism of China at the opening ceremony.
The CAEXPOTE has been successfully held eight times before, and has become one of the most influential international tourism exchange platforms in China-ASEAN region.
Photo 1: An intangible cultural heritage inheritor shows paper-cutting art at the 2023 China-ASEAN Expo Tourism Exhibition in Guilin, south China’s Guangxi Zhuang Autonomous Region, Oct. 13, 2023. (Xinhua/Lu Boan)
Photo 2, 3: People visit the 2023 China-ASEAN Expo Tourism Exhibition in Guilin, south China’s Guangxi Zhuang Autonomous Region, Oct. 13, 2023. (Xinhua/Lu Boan)