Connect with us

Asia

ဟန်ကျိုး အာရှအားကစားပွဲတွင် ဆုတံဆိပ် ၁၀၀ ခု ဆွတ်ခူးနိုင်ခဲ့သော အိန္ဒိယအားကစားသမားများကို မိုဒီ ဂုဏ်ပြု

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော ဝန်ကြီးချုပ် နာရန်ဒြာမိုဒီကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဟန်ကျိုး အာရှအားကစားပွဲတွင် ဆုတံဆိပ် ၁၀၀ ခု ဆွတ်ခူးနိုင်ခဲ့သော အားကစားသမားများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

“အာရှအားကစားပွဲမှာ အိန္ဒိယနိုင်ငံအတွက် အလွန်အရေးပါတဲ့အောင်မြင်မှုပါပဲ။ ဆုတံဆိပ်ပေါင်း ၁၀၀ ပြည့်မြောက်ခြင်း ထူးခြားတဲ့သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့အတွက် အိန္ဒိယပြည်သူတွေလည်း ရင်ခုန်စိတ်လှုပ်ရှားရပါတယ်” ဟု မိုဒီက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ “အိန္ဒိယနိုင်ငံအတွက် ဒီလို သမိုင်းဝင်မှတ်တိုင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ အားကစားသမားတွေကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။ လေးစားလောက်ဖွယ်စိတ်ခွန်အားနဲ့ ပြိုင်ပွဲဝင်မှုတစ်ခုစီတိုင်းက သမိုင်းတွင်စေပြီး ကျွန်တော်တို့ရဲ့ နှလုံးသားမှာ ဂုဏ်ယူဝမ်းမြောက်နေမှာပါ”
ဆုတံဆိပ်ပေါင်း ၁၀၀ ဆွတ်ခူးရရှိနိုင်ရန် ရည်ရွယ်လျက် ဟန်ကျိုးအားကစားပွဲသို့ နိုင်ငံကိုယ်စားပြု အားကစားအဖွဲ့အများဆုံး စေလွှတ်ခဲ့သော အိန္ဒိယနိုင်ငံသည် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတွင် ရွှေတံဆိပ် ၂၅ ခု၊ ငွေတံဆိပ် ၃၅ ခုနှင့် ကြေးတံဆိပ် ၄၀ ခု ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်က ရရှိခဲ့သည့် ဆုတံဆိပ်အရေအတွက် ၇၀ ကို ကျော်လွန်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Modi congratulates Indian athletes on 100 medals haul at Hangzhou Asian Games
NEW DELHI, Oct. 7 (Xinhua) — Indian Prime Minister Narendra Modi Saturday congratulated the country’s athletes at the Hangzhou Asian Games on their achievement of bagging 100 medals.
“A momentous achievement for India at the Asian Games! The people of India are thrilled that we have reached a remarkable milestone of 100 medals,” Modi in a statement said. “I extend my heartfelt congratulations to our phenomenal athletes whose efforts have led to this historic milestone for India. Every awe-inspiring performance has made history and filled our hearts with pride.”
So far, India, having sent its largest-ever contingent to Hangzhou with an aim to cross the 100-medal mark, has clinched 25 gold, 35 silver and 40 bronze at the 19th Asian Games, surpassing the nation’s 2018 tally of 70 medals.
Photo: Indian Prime Minister Narendra Modi delivers a speech during a celebration of India’s Independence Day in Delhi, India, Aug. 15, 2023. (Xinhua)