Connect with us

Media

ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ရေးရာတွင် “တည်ငြိမ်သော အခြေခံအကြောင်းရင်း” ဖြစ်ကြောင်း ပူတင်ပြော

ဆိုချီ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် “အလားအလာကောင်းမွန်လျက်ရှိကြောင်း” နှင့် ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ရေးရာများတွင် အရေးကြီး တည်ငြိမ်သော အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဆိုချီမြို့ရှိ Valdai Discussion Club ၏ ၂၀ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး မျက်နှာစုံညီအစည်းအဝေးတွင် ဆင်ဟွာသတင်းဌာနမှ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပူတင်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ရည်ညွှန်းလျက် တရုတ်နိုင်ငံသည် “ကမ္ဘာ့စီးပွားရေး၏ ဦးဆောင်ရွေ့လျားမှုများအနက် တစ်ခု” ဖြစ်လာခဲ့ကြောင်း ပူတင်က ပြောခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် မဟာယူရေးရှား၊ ယူရေးရှား စီးပွားရေးသမဂ္ဂနှင့် “အလားအလာကောင်းသော BRI” ၏ ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးအတွက် အခြေခံအဆောက်အအုံ တိုးတက်မှုစီမံကိန်းများ အကောင်အထည်ဖော်သွားမည်ဟု ပူတင်က ဆိုသည်။ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာရေးရာများတွင်လည်း အရေးကြီး တည်ငြိမ်သော အခြေခံအကြောင်းတစ်ရပ် ဖြစ်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(English Version)
Russia-China cooperation a “stabilizing factor” in global affairs: Putin
SOCHI, Oct. 5 (Xinhua) — Russian President Vladimir Putin said on Thursday that the Belt and Road Initiative (BRI) is “promising” and that Russia-China cooperation is an important stabilizing factor in global affairs.
Putin made the remarks when answering a question from Xinhua at the plenary session of the 20th Annual Meeting of the Valdai Discussion Club in Sochi.
Referring to China’s impressive economic growth, Putin said that China has become “one of the leading locomotives of the global economy.”
As to bilateral cooperation, Putin said that the two sides will implement infrastructure development plans for the construction of a Greater Eurasia, the Eurasian Economic Union, and the development of the “promising BRI.”
Cooperation between Russia and China has become an important stabilizing factor in international affairs, he said.