Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုများရှိဟုဆို

အာဖဂန်နစ္စတန်နိုင်ငံ ကူနားပြည်နယ်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟာရတ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟာရတ်၊ ဘတ်ဂျစ်၊ ဖာရာ စသည့်ပြည်နယ်များနှင့် အနီးဝန်းကျင်ဒေသများတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် လူသေဆုံးမှုများရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် နံနက် ၁၁:၁၀ နာရီခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများကလည်း နေအိမ်များမှ အပြင်ဘက်သို့ ပြေးထွက်ခဲ့ကြရကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တာဝန်ရှိသူများက မှတ်ချက်ပြုထားခြင်းမရှိသေးပေ။
ဂျာမန် ဘူမိသိပ္ပံသုတေသနစင်တာ GFZ ၏ အစောပိုင်းပြောကြားချက်အရ ထိုငလျင်မှာ ပြင်းအား ၆.၂ အဆင့်ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ယနေ့ (အောက်တိုဘာ ၇ ရက်) ဂရင်းနစ်စံတော်ချိန် ၀၆၄၁ နာရီ၌ လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ (Xinhua)

………………………………
(English Version)
Casualties feared as earthquake rocks west Afghanistan
HERAT, Afghanistan, Oct. 7 (Xinhua) — Casualties were feared as an earthquake rocked west Afghanistan’s Herat, Badghis, Farah provinces, and adjoining areas on Saturday, locals said.
The tremor took place at around 11:10 local time (0640 GMT), forcing people to come out of their houses, locals said.
Officials have yet to comment.
Earlier, the GFZ German Research Center for Geosciences said an earthquake with a magnitude of 6.2 jolted northwestern Afghanistan at 0641 GMT on Saturday.
Photo: Photo taken on Sept. 5, 2022 shows houses damaged in an earthquake in Kunar province, Afghanistan. (Photo by Qazafi Mal/Xinhua)