Connect with us

China

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကားတင်ပို့မှု ၅၄.၄ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးတက်လာ

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းတွင်ပြုလုပ်သည့် တရုတ် မော်တော်ယာဉ်ပြပွဲ (ထျန်းကျင်း) အတွင်း တရုတ်ကားထုတ်လုပ်သူ BYD ပြခန်းကို လာရောက်ကြည့်ရှုနေကြသူများအား ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၀ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မော်တော်ကားတင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် ၅၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ယင်းကဏ္ဍတစ်ခုလုံး တိုးတက်မှုကို ထိရောက်စွာ မြှင့်တင်ခဲ့ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များ၌ ဖော်ပြထားသည်။ ယမန်နှစ်က ခရီးသည်တင်ကား အစီးရေ ၂.၅၃ သန်းနီးပါး တင်ပို့မှုအပါအဝင် မော်တော်ယာဉ်အစီးရေ ၃.၁၁ သန်းကျော် တင်ပို့နိုင်ခဲ့ကာ ယမန်နှစ်ကထက် ၅၆.၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ မော်တော်ကား ထုတ်လုပ်သူများအသင်း၏ အဆိုအရ သိရသည်။ (Xinhua)

……………………………..
(English Version)
China’s auto exports surge 54.4 pct in 2022

China’s automobile exports soared 54.4 percent in 2022, effectively promoting the overall growth of the sector, industry data shows. More than 3.11 million vehicles were exported last year, with passenger car exports nearing 2.53 million units, a jump of 56.7 percent year on year, according to the China Association of Automobile Manufacturers. xhtxs.cn/DEy

Photo: People visit the booth of Chinese carmaker BYD during the China Motor Show (Tianjin) 2022 in north China’s Tianjin, Nov. 10, 2022. (Xinhua/Sun Fanyue)