Connect with us

China

အားလပ်ရက်များအပြီး တရုတ်နိုင်ငံတစ်ဝန်း ခရီးသွားလာမှု အမြင့်ဆုံးသို့ ရောက်ရှိ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပေကျင်းမြောက်ပိုင်းဘူတာရုံသို့ ရောက်ရှိလာကြသည့် ခရီးသည်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၂၇ ရက်က ကုန်ဆုံးခဲ့သော ရက်သတ္တပတ်တစ်ပတ်ကြာ နွေဦးပွဲတော် အားလပ်ရက်များအပြီး အလုပ်ခွင်ဝင်ရောက်ကြမည့်သူများနှင့် ခရီးသွားဦးရေ မြင့်တက်လာမှုများကြောင့် နိုင်ငံတစ်ဝန်းရှိ အဝေးပြေးလမ်းများ၊ ရထားဘူတာရုံများနှင့် လေဆိပ်များတွင် ခရီးသွားလာမှုအမြင့်ဆုံး ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ မြို့တော်၏ အဓိက ရထားစင်္ကြံနှစ်ခုဖြစ်သည့် ပေကျင်းအနောက်ပိုင်းဘူတာရုံနှင့် ပေကျင်းတောင်ပိုင်းဘူတာရုံတို့တွင် ဇန်နဝါရီ ၂၆ ရက်က ရောက်ရှိလာခဲ့သည့် ခရီးသွားအရေအတွက် ခန့်မှန်းခြေ ၁၅၆,၀၀၀ ဦးနှင့် ၁၄၂,၀၀၀ ဦး အသီးသီးရှိခဲ့ကြောင်း ပေကျင်းအဓိက ရထားဘူတာဧရိယာစီမံခန့်ခွဲရေးဌာန၏ အဆိုအရ သိရသည်။ (Xinhua)

…………………………………………
(English Version)
China braces for post-holiday travel peak

Railway stations, highways and airports across China are bracing for a fresh travel peak as a growing number of travelers hit the road and return to work after a week-long Spring Festival holiday which will end on Friday. On Thursday, Beijing West Railway Station and Beijing South Railway Station, two major railway terminals in the Chinese capital, were estimated to receive 156,000 passenger arrivals and 142,000 passenger arrivals, respectively, according to Beijing Major Railway Station Areas Administration.
Photo 1: Passengers arrive at Beijing North Railway Station in Beijing, capital of China, Jan. 26, 2023. (Xinhua/Li Xin)