Connect with us

China

အာဖရိကရှိ တရုတ် ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံများအတွက် အကျိုးကျေးဇူးပြုကြရန် သမ္မတ ရှီ တိုက်တွန်းအားပေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာဖရိကသို့ စေလွှတ်ထားသော တရုတ်ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုနှင့် ဆေးဘက်ဆိုင်ရာကျင့်ဝတ်များဖြင့် ဒေသခံပြည်သူများအား အကျိုးကျေးဇူးပြုကြရန်နှင့် ၎င်းတို့၏ ကောင်းမွန်သော လုပ်ဆောင်မှုများမှုတစ်ဆင့် ကမ္ဘာကြီးထံ တရုတ်နိုင်ငံ၏ ပိုမိုကောင်းမွန်သော တည်ရှိမှုကို ဖော်ပြရန် ဖေဖော်ဝါရီ ၉ ရက်က တိုက်တွန်းအားပေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ဗဟိုအာဖရိကသမ္မတနိုင်ငံသို့ စေလွှတ်ထားသော ၁၉ ဖွဲ့မြောက် တရုတ်ဆေးတပ်ဖွဲ့ထံ ပြန်ကြားစာ၌ အထက်ပါအတိုင်း မှတ်ချက်ပြုထားခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Xi encourages Chinese medical personnel in Africa to deliver benefits to locals
Chinese President Xi Jinping on Thursday encouraged members of a Chinese medical team sent to Africa to benefit local people with their medical proficiency and medical ethics, and to better present China to the world through their concrete actions.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks in a letter replying to the 19th Chinese medical team dispatched to the Central African Republic.