Connect with us

Economy

တရုတ်နိုင်ငံ၏ SMEs လုပ်ငန်းများ ဇန်နဝါရီလအတွင်း ဆောင်ရွက်မှု တိုးတက်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ မော်တော်ကားထုတ်လုပ်ရေးစက်ရုံ၏ အလုပ်ရုံတွင် အလုပ်လုပ်နေကြသူများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးမှာ တည်ငြိမ်စွာပြန်လည်ကောင်းမွန်လာသဖြင့် နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ၏ လုပ်ကိုင်ဆောင်ရွက်မှုများမှာ ဇန်နဝါရီလတွင် ပိုမိုတိုးတက်လာခဲ့ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်အရ သိရသည်။

SMEs လုပ်ငန်းပေါင်း ၃,၀၀၀ ကို စစ်တမ်းကောက်ယူထားမှုအပေါ် အခြေခံတွက်ချက်ထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းမှာ ယခင်လက ၈၈.၉ ရှိကာ အကျဘက်ရောက်ရှိနေမှုမှာ ပြန်လည်ပြောင်းလဲသွားခဲ့ကြောင်း တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအသင်းအရ သိရသည်။(Xinhua)xhtxs.cn/EHs

………………………………
China’s SMEs log improved performance in January
The activities of China’s small and medium-sized enterprises (SMEs) picked up in January, as the country’s economy continued to recover steadily, industrial data showed.
The Small and Medium Enterprises Development Index, calculated based on a survey of 3,000 SMEs, came in at 88.9 last month, reversing a downward trend, according to the China Association of Small and Medium Enterprises. xhtxs.cn/EHs
Photo: Staff members work at a workshop of an auto manufacturing enterprise in Qingdao, east China’s Shandong Province, Jan. 28, 2023. (Photo by Zhang Jingang/Xinhua)