Connect with us

Europe

ကုန်ကြမ်းပစ္စည်းများ စရိတ်မြင့်တက်လာမှုကြောင့် Teslaကုမ္ပဏီက ဘရာဇီးနိုင်ငံရှိ လီသီယံသတ္တုလုပ်ငန်းကို ဝယ်ယူရန် ပြင်ဆင်

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော ၁၀၀ ကြိမ်မြောက် ဘရပ်ဆဲလ်ကားပြပွဲ မီဒီယာမိတ်ဆက်ပွဲအခမ်းအနား၌ ပြသထားသော Tesla Model Xမော်တော်ယာဉ်အား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် Teslaကုမ္ပဏီက ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဘီလီယံရှိသော ဘရာဇီးနိုင်ငံ အခြေပြု Sigma လီသီယံသတ္တုလုပ်ငန်းကို ဝယ်ယူရန် စဉ်းစားနေကြောင်း အမေရိကန် သတင်းမီဒီယာများက ဖော်ပြထားသည်။Tesla လျှပ်စစ်ကားများအသုံးပြုသော လီသီယံ ဘတ်ထရီ ကုန်ကြမ်းပစ္စည်းများ စရိတ်မြင့်တက်လာမှုကြောင့် Teslaအနေဖြင့် လီသီယံသတ္တုလုပ်ငန်းသို့ ဝင်ရောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အမေရိကန် လျှပ်စစ်ကားဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖော်ပြထားသည်။ Teslaက လီသီယံသတ္တုလုပ်ငန်းသို့ ဝင်ရောက်ရန်မှာ ရုတ်တရက်စိတ်ကူးပေါက်၍ ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

——————————-
应对原料成本上涨 特斯拉拟收购一巴西锂矿商
新华社北京2月22日电 多家美国媒体报道,美国特斯拉公司正考虑收购巴西锂矿商西格马锂业,后者现在估值30亿美元。
美国电动汽车网站20日报道,随着特斯拉电动车使用的锂电池原料成本上涨,特斯拉打算深度进军锂矿业。特斯拉进军锂矿业并非突发奇想。

1. 1月13日,一名男子在比利时布鲁塞尔举办的第100届布鲁塞尔车展媒体预展上参观特斯拉Model X汽车。(新华社记者郑焕松摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.