Connect with us

China

ယူကရိန်းအကျပ်အတည်း အဖြေရှာရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်လည်စတင်ရန် တရုတ် တိုက်တွန်း

တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်း အဖြေရှာရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်လည်စတင်နိုင်အောင် အခြေအနေများဖန်တီးပေးရန် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများအတွက် တိုက်တွန်းခဲ့သည်။

ဆွေးနွေးမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကသာ ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည့် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်ဆိုင်ရာ စာတမ်းတစ်စောင်ကို ဖော်ပြခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်ဟူသော မှန်ကန်သည့် ဦးတည်ချက်ကို လက်ကိုင်ထားသင့်ရာ ပဋိပက္ခသက်ဆိုင်ရာဘက်ပေါင်းစုံက နိုင်ငံရေးနည်းလမ်းဖြင့် အကျပ်အတည်း ဖြေရှင်းရေး တံခါးကို ဆောလျင်စွာ ဖွင့်လှစ်ရန် ကူညီဆောင်ရွက်ရမည် ဖြစ်ပြီး ပြန်လည်ဆွေးနွေးရေးအတွက် အခြေအနေနှင့်ပလက်ဖောင်းကို ဖန်တီးရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ယင်းကိစ္စရပ်၌ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း စာတမ်းက ဆိုသည်။ (Xinhua) xhtxs.cn/E1w

………………………………
(English Version)
China calls for resuming peace talks to resolve Ukraine crisis
China has called for international efforts to create conditions for the resumption of peace talks to resolve the Ukraine crisis.
China on Friday released a paper stating its position on the political settlement of the Ukraine crisis, saying dialogue and negotiation are the only viable solution to the Ukraine crisis.
The international community should stay committed to the right approach of promoting talks for peace, help parties to the conflict open the door to a political settlement as soon as possible, and create conditions and platforms for the resumption of negotiation. China will continue to play a constructive role in this regard, said the paper. xhtxs.cn/E1w