Connect with us

China

တရုတ်နိုင်ငံ ဟဲပေပြည်နယ်က သယ်ယူပို့ဆောင်ရေးတည်ဆောက်မှုတွင် ယွမ် ၁၀၃.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ ဟိုင်ယွဲ့လမ်းနှင့် ပေကျင်း-ရှုံအန်း အဝေးပြေးလမ်းတို့အား ချိတ်ဆက်ထားသောလိုင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ်က ပေကျင်း-ထျန်းကျင်း-ဟဲပေဒေသ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုအဖြစ် ယခုနှစ်အတွင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ တည်ဆောက်မှု၌ ယွမ် ၁၀၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၄ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း ယင်းပြည်နယ်အစိုးရ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွင် စုစုပေါင်း ခရီးမိုင် ၃၀၀ ကီလိုမီတာကျော်ရှိသော ရထားလမ်းစီမံကိန်း ၂ ခုနှင့် ကီလိုမီတာ ၉,၅၀၀ နီးပါးရှည်လျားမည့် ယာဉ်သွားလမ်းစီမံကိန်း အသစ် သို့မဟုတ် လမ်းပြန်လည်တည်ဆောက်ရေး စီမံကိန်းတို့ပါဝင်မည်ဖြစ်ကြောင်း ဟဲပေပြည်နယ် ပို့ဆောင်ရေးဌာန ဌာနမှူး Song Rentang က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China’s Hebei to invest 103.5 bln yuan in transportation construction
China’s Hebei Province plans to invest 103.5 billion yuan (about 15.4 billion U.S. dollars) in transportation construction this year, in an effort to boost the coordinated development of the Beijing-Tianjin-Hebei region, according to the provincial government.
The investment will include two railway projects, with a total mileage of more than 300 km, and new or reconstructed road projects stretching nearly 9,500 km, said Song Rentang, head of the transportation department of Hebei. xhtxs.cn/EiM
Photo: Aerial photo taken on Sept. 2, 2022 shows the connecting line between Haiyue Street and Beijing-Xiong’an expressway, in Xiong’an New Area, north China’s Hebei Province. (Xinhua/Zhu Xudong)