Connect with us

China

ထိုင်းနိုင်ငံတွင် ကျင်းပသော ၂၀၂၃ ခုနှစ် AFC Beach Soccer Asian Cup ဘောလုံးပွဲကမ်ပိန်းတွင် ပါဝင်ရန် တရုတ်အသင်း အသင့်ရှိနေ

2023 AFC Beach Soccer Asian Cup ဘောလုံးပွဲ ပွဲစဉ်ဇယားကို တွေ့စဉ် (ဓာတ်ပုံ - AFC)

ဘန်ကောက်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကမ်းခြေဘောလုံးအသင်းသည် မတ် ၁၆ ရက်တွင် ကျင်းပသော ၂၀၂၃ ခုနှစ် အာရှဘောလုံးအဖွဲ့ချုပ် (AFC) Beach Soccer Asian Cup ဘောလုံးပွဲတွင် အကောင်းဆုံးခြေစွမ်းပြကစားသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ အရှေ့ပိုင်း ပတ္တရားမြို့တွင် ပြုလုပ်သော ဘောလုံးပွဲ၌ ချန်ပီယံဆုကို ကာကွယ်မည့် ဂျပန်အသင်း၊ အင်ဒိုနီးရှားနှင့် လက်ဘနွန် အသင်းများနှင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ တရုတ်အသင်းက ပထမဆုံးပွဲစဉ်အဖြစ် ဘက်လနွန်အသင်းနှင့် မတ် ၁၇ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

စုစုပေါင်း အသင်း ၁၆ သင်းပါဝင်သော ၂၀၂၃ ခုနှစ် AFC Beach Soccer Asian Cup ဘောလုံးပွဲသည် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသော FIFA Beach Soccer World Cup 2023 အတွက် ခြေစစ်ပွဲများအဖြစ် ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။ (Xinhua)
…………………………………
(English Version)
China ready to kick off AFC Beach Soccer Asian Cup campaign in Thailand
BANGKOK, March 16 (Xinhua) — China’s beach soccer team is eyeing a strong performance at the Asian Football Confederation (AFC) Beach Soccer Asian Cup 2023, which kicked off on Thursday.
China is competing in Group C against defending champion Japan, Indonesia and Lebanon in Thailand’s eastern resort city of Pattaya. China will face Lebanon in its first match on Friday.
With a total of 16 teams, the AFC Beach Soccer Asian Cup 2023 also serves as the qualifiers for the FIFA Beach Soccer World Cup 2023, which is scheduled to be played in November.
Photo – Match schedule of the 2023 AFC Beach Soccer Asian Cup. (Photo courtesy of AFC)