Connect with us

Asia

တရုတ်-လာအိုရထားလမ်းတွင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုလွယ်ကူရေး ဆောင်ရွက်လျက်ရှိ

လာအိုနိုင်ငံရှိ တရုတ်-လာအိုရထားလမ်း Vientiane South ဘူတာတွင် နယ်စပ်ဖြတ်ကျော်ကုန်စည်များ အား ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်နေသည်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်းပေါ်တွင် နယ်စပ်ဖြတ်ကျော် ခရီးသွားလာသူများ အဆင်ပြေချောမွေ့မှုရှိစေရန် ဘူတာရုံများ၌ လူဝင်မှုကြီးကြပ်ရေးဆောင်ရွက်ပေးမည့်နေရာများ ထားရှိရန် အရေးပေါ်လိုအပ်လျက်ရှိကြောင်း လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone က အလေးထားပြောကြားခဲ့သည်။

လာအိုနိုင်ငံ အစိုးရသည် ခရီးသည်တင်ရထားများနှင့် ကုန်တင်ရထားဝန်ဆောင်မှုများကို အထူးအလေးထားပြီး အဆိုပါ ရထားလမ်းက ပြည်သူများ၏ ကြွေးမြီမြင့်မားမှုကြောင့် ဖြစ်ပေါ်လာသော ငွေကြေးနှင့် စီးပွားအခက်အခဲများ လျော့ပါးရေး ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သော တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းနှင့် ချိတ်ဆက်ပေးထားခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Laos mulls easier immigration clearance on China-Laos Railway
VIENTIANE, March 17 (Xinhua) — Lao Prime Minister Sonexay Siphandone has emphasized an urgent need to set up immigration booths at stations on the China-Laos Railway to facilitate cross-border travelers.
The Lao government places great importance on passenger and freight rail services, hoping that the railway will bolster efforts to alleviate ongoing financial and economic difficulties driven by high levels of public debt.
The China-Laos Railway, launched in December 2021, connects Kunming, capital of southwest China’s Yunnan province, with the Lao capital Vientiane.
Photo: Photo taken on Aug. 9, 2022 shows a crane transporting cross-border goods at Vientiane South Station of China-Laos Railway in Laos. (Photo by Kaikeo Saiyasane/Xinhua)