Connect with us

Asia

တရုတ်နိုင်ငံက ကမ္ဘောဒီးယားနှင့် အခြားအာဆီယံနိုင်ငံများအတွက် ကြီးမားသောဈေးကွက်ဖြစ်နေ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ တော်ဝင်နန်းတော်တွင် ခြင်္သေ့အကတင်ဆက်ကပြနေသော အနုပညာရှင်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများအတွက် ကြီးမားသောဈေးကွက်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန်က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် အခြားအာဆီယံနိုင်ငံများသည် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (CCFTA) ၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဧရိယာ (ACFTA) နှင့် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်မှတစ်ဆင့် တရုတ်ဈေးကွက်မှ အကျိုးအမြတ်များရရှိနေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

“တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအတွက် အကျိုးကျေးဇူး အမြောက်အမြားဆောင်ကြဉ်းပေးတဲ့ ဧရာမဈေးကွက်ကြီးဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဖနွမ်းပင်မြို့ရှိ Vanda Institute တွင် ကျောင်းသား/ကျောင်းသူ ၄,၇၀၀ ခန့် တက်ရောက်သော ဘွဲ့နှင်းသဘင်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသို့ အာဆီယံ၏ တင်ပို့မှုသည် တရုတ်နိုင်ငံမှ အာဆီယံထံပြန်လည်တင်ပို့မှုထက် ပိုမိုများပြားကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
China huge market for Cambodia, other ASEAN countries: PM
PHNOM PENH, March 23 (Xinhua) — China is an enormous market for Cambodia and other member states of the Association of Southeast Asian Nations (ASEAN), Cambodian Prime Minister Samdech Techo Hun Sen said here on Wednesday.
Cambodia and the rest of ASEAN have stood to gain from the Chinese market through the Cambodia-China Free Trade Agreement (CCFTA), ASEAN-China Free Trade Area (ACFTA), and the Regional Comprehensive Economic Partnership (RCEP) agreement, the prime minister said.
“China is a huge market that has provided a lot of benefits to all ASEAN countries,” he said in a speech during a graduation ceremony of some 4,700 students at the Vanda Institute in Phnom Penh, adding that ASEAN’s export to China is bigger than the export in a reverse direction.
Photo: Artists perform lion dance at the Royal Palace in Phnom Penh, Cambodia on Jan. 21, 2023. (Xinhua/Phearum)