Connect with us

China

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက မာလဝီနိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံရှိ ကြက်ခြေနီအဖွဲ့များကို အရေးပေါ် လူသားချင်းစာနာမှုအကူအညီများပေးလျက်ရှိ

ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်ကြက်ခြေနီအသင်း (RCSC) သည် ၎င်းတို့၏ ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် မာလဝီကြက်ခြေနီအသင်းနှင့် မိုဇမ်ဘစ်ကြက်ခြေနီအသင်းတို့အား အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငွေကြေးအကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း RCSC မှ ပြောကြားခဲ့သည်။

RCSC သည် ပြင်းထန်သောအပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Freddy ကြောင့် လူသေဆုံးခြင်း နှင့် ဥစ္စာပစ္စည်းဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သော မာလဝီနှင့် မိုဇမ်ဘစ်ရှိ ကြက်ခြေနီအသင်းများထံ အရေးပေါ်အကူအညီများအဖြစ် အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ နှင့် အရေးပေါ်အကူအညီ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အသီးသီး ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

တရုတ်ကြက်ခြေနီအသင်း အနေဖြင့် အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကာ ၎င်းတို့တတ်နိုင်သမျှ အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
China’s Red Cross provides emergency humanitarian assistance to Malawi, Mozambique Red Cross societies
BEIJING, March 23 (Xinhua) — The Red Cross Society of China (RCSC) has decided to provide emergency humanitarian assistance in the form of cash to the Malawi Red Cross Society and the Mozambique Red Cross Society to support their rescue and disaster relief work, the RCSC said.
The RCSC will send 100,000 U.S. dollars and 50,000 U.S. dollars of emergency aid, respectively, to the Red Cross societies of Malawi and Mozambique, where heavy casualties and property losses have been caused by Tropical Cyclone Freddy.
The RCSC said it will continue to follow the situation and provide assistance within its capacity. ■