Connect with us

China

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်ရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက ကုန်ထုတ်လုပ်မှု ထပ်မံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ရှိ Ningbo EST Technology ကုမ္ပဏီလီမိတက် ထုတ်လုပ်ရေးလိုင်း၌ အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၃ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ စက်မှုလုပ်ငန်းစီးပွားရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကို အာရုံစိုက်လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် မကြာသေးမီနှစ်များက ကုန်ထုတ်လုပ်မှုလုပ်ငန်း ထပ်မံဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ရှိ Konfoong Materials International ကုမ္ပဏီလီမိတက်၏ လေ့လာဆန်းစစ်မှုနှင့် စမ်းသပ်မှုစင်တာ၌ စက်မှုလုပ်ငန်းသုံးစက်ရုပ် အလုပ်လုပ်ကိုင်နေသည်ကို ၂၀၂၃ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျားရှင်းမြို့ရှိ တယ်ဝေး သံမဏိစက်ရုံလုပ်ငန်းခွင်တစ်နေရာကို ၂၀၂၃ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


၂၀၂၂ ခုနှစ်တွင် ပြည်နယ်အတွင်းရှိ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် ကိုယ်ပိုင်အလုပ်လုပ်ကိုင်သော အိမ်ထောင်စုများ အရေအတွက်မှာ ၃.၀၈ သန်းနှင့် ၆.၀၄ သန်း အသီးသီးရှိကြောင်း၊ တရုတ်နိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကကုမ္ပဏီ ၅၀၀ စာရင်းတွင် ကျဲ့ကျန်းပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းအရေအတွက် စုစုပေါင်းမှာ ၂၄ နှစ်ဆက်တိုက် နိုင်ငံအတွင်း ပထမနေရာ၌ ရှိနေကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
Private enterprises in Zhejiang strive to further develop manufacturing industry
HANGZHOU, March 25 (Xinhua) — Private enterprises in Zhejiang, with a focus on the industrial economy and digital economy, have striven to further develop the manufacturing industry in recent years.
The number of registered private enterprises and self-employed households in the province reached 3.08 million and 6.04 million respectively in 2022. In the list of China’s top 500 private companies, the total number of enterprises in Zhejiang has ranked the first in the country for 24 consecutive years.
Photo 1: Employees work at a production line of Ningbo EST Technology Co., Ltd. in Ningbo, east China’s Zhejiang Province, March 21, 2023. (Xinhua/Jiang Han)
Photo 2: An industry robot works at the analysis and testing center of Konfoong Materials International Co., Ltd. in Ningbo, east China’s Zhejiang Province, March 21, 2023. (Xinhua/Weng Xinyang)
Photo 3: This photo taken on March 23, 2023 shows a workshop of Dewei Stainless Steel in Jiaxing, east China’s Zhejiang Province.(Xinhua/Xu Yu)