Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် IMF အကြီးအကဲ ဘိုးအောက်မြို့တွင် တွေ့ဆုံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ကွန်ဖရင့် တက်ရောက်နေသော နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva နှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ဘိုးအောက်၊ ဟိုင်နန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva နှင့် ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် မတ် ၂၉ ရက်က တွေ့ဆုံခဲ့ပြီး ကမ္ဘာ့စီမံအုပ်ချုပ်မှုကို ပိုမိုတရားမျှတ၍ သာတူညီမျှရှိစွာ ဆောင်ရွက်ရန် IMF နှင့်အတူ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်၍ ပြန်လည်ကောင်းမွန်သော အရှိန်အဟုန်ကို ဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံတွင် ခိုင်မာသော စီးပွားရေးအုတ်မြစ်၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကြွယ်ဝသော မျှော်လင့်ချက်များနှင့် အလားအလာရှိသော အနာဂတ်ရှိကြောင်း လီက ဆိုသည်။

“ကျွန်တော်တို့မှာ အလုံးစုံစီးပွားရေးတိုးတက်မှု မြှင့်တင်ဖို့နဲ့ တစ်နှစ်ပတ်လုံး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်တွေ ပြည့်မီဖို့ ယုံကြည်ချက်နဲ့ စွမ်းဆောင်ရည်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ရှုပ်ထွေး၍ ဆိုးဝါးလှသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိုအရာများကို ကိုင်တွယ်ဖြေရှင်းရန် အတူတကွလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ ထိန်းသိမ်းရေး၊ မက်ခရိုစီးပွားရေးမူဝါဒ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းရေးနှင့် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ လုံလုံခြုံခြုံ၊ တည်တည်ငြိမ်ငြိမ်၊ အဆင်ပြေချောမွေ့စွာ ထိန်းသိမ်းရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း လီက ပြောခဲ့သည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva က တရုတ်နိုင်ငံသည် IMF ၏ အရေးပါသောမိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းမွန်သော အရှိန်အဟုန်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ သုံးပုံတစ်ပုံကျော်ကို ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် အခြားနိုင်ငံများအတွက်လည်း အရေးပါသော ပံ့ပိုးမှုပေးမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese premier meets IMF chief in Boao
BOAO, Hainan, March 29 (Xinhua) — Chinese Premier Li Qiang met with Managing Director of the International Monetary Fund (IMF) Kristalina Georgieva on Wednesday in Boao, Hainan Province, pledging to deepen cooperation with the IMF to make global governance more just and equitable.
Noting that since the beginning of this year, China’s economy has shown a momentum of stabilization and recovery, Li said China has a solid economic foundation, broad prospects for development and a promising future.
“We have the confidence and ability to promote overall economic improvement and achieve the full-year development targets,” he said.
In the face of complex and severe challenges, the international community needs to work together to address them, Li said, calling on the international community to uphold multilateralism, strengthen macroeconomic policy coordination, and maintain the security, stability and smoothness of global industrial and supply chains.
Noting that China is an important partner of the IMF, Georgieva said China’s economic development enjoys good momentum and is expected to contribute more than one third of world economic growth this year, which will provide important opportunities for other countries.
Photo: Chinese Premier Li Qiang meets with Managing Director of the International Monetary Fund (IMF) Kristalina Georgieva, who is attending the Boao Forum for Asia annual conference, in Boao, south China’s Hainan Province, March 29, 2023. (Xinhua/Liu Bin)